Ch 7

710 24 0
                                    

Unicode

သူရိန်တို့မိသားစုသည် ပြင်ဦးလွင်ကဖြစ်ပြီးဇွဲအဘိုးတို့အိမ်နှင့် ခြံချင်းကပ်ရပ်ဖြစ်သည်။

ဇွဲအဘိုး၊အဘွားရဲ့အိမ်မှာ အရင်ကတော့ ဇွဲအဖေတို့မောင်နှမတွေအတူနေခဲ့ကြပေမဲ့ ခုတော့အကြီးဆုံးသားဖြစ်တဲ့ မိုးထက်ယံအ‌ဖေရဲ့မိသားစုသာရှိတော့သည်။

ဇွဲနွေရာသီဆိုရင် အဘိုး၊အဘွားတွေဆီနှစ်တိုင်းသွားနေကျဖြစ်သည်။ဒါကြောင့် သူရိန်သည် ငယ်ငယ်ထဲကဇွဲရဲ့သူငယ်ချင်းဖြစ်ခဲ့သည်။

သူရိန်က ငယ်ငယ်ထဲကရင့်ကျက်ပြီး တစ်ယောက်ထဲသီးသန့်နေရတာ သဘောကျသည်။ကိုယ့်ကိုယ်ကိုယ်လည်း သေချာထိန်းကျောင်းနိုင်ပြီး စည်းနှင့်ကမ်းနှင့်နေတတ်သည်။

သူရိန်က တည်ငြိမ်တယ်ထင်ရပေမဲ့ စကားပြောရင် ဘုကလန့်တွေသာပြောတတ်ပြီး ဒေါသလည်းကြီးသေးသည်။

လက်ရဲဇက်ရဲလည်း ရှိသည်။ဒါပေမဲ့ အလုပ်လုပ်ရာမှာတော့တိကျသည်။ဇွဲလို အိုးနင်းခွက်နင်းဖြစ်မနေ။

ဒါကြောင့် အိမ်ကကြီးကြီးက ဇွဲပြင်ဦးလွင်လာလို့ အပြင်သွားချင်ရင် သူရိန်ကိုခေါ်သွားရသည်။ပြောတာကတော့'သူရိန်ပါမှ စိတ်ချတယ်'တဲ့လေ။

အဲဒါကြောင့် ဇွဲအစ်ကို မိုးထက်ယံလည်းငယ်ငယ်တုန်းကအတိုင်း ရန်ကုန်ရောက်တာတောင် သူရိန်ပါမှသွားခွင့်ပေးသည်။

မနေ့ညကအပြင်မှာ သူငယ်ချင်းတွေစုအိပ်ကြမဲ့အရေးကို ဇွဲအာပေါက်အောင်ပြောရပြီး သူရိန်ရဲ့အာမခံချက်နှင့်မှ ခွင့်ပြုပေးခြင်းဖြစ်သည်။

မသွားခင်လည်း သူရိန်ကိုဇွဲအားမသောက်စေဖို့ အတန်တန်သတိပေးလိုက်သည်။ပြီးရင် မနက်စောစောအိမ်အရောက်ပြန်လာဖို့လည်းမှာလိုက်သည်။

ဒါပေမဲ့ ဇွဲထက်ယံဆိုတာ သူရိန်တားလို့ရမဲ့လူမဟုတ် ဆိုတာတော့ မိုးထက်ယံခမျာမသိလိုက်ရှာဘူး။ဇွဲမနေ့က ဝီစကီနှင့်ကိုလာနည်းနည်းရောပြီး ၅ခွက်သောက်ကာမှောက်သွားသည်။ပြီးတော့မနေ့ညကကိစ္စတွေဖြစ်ပြီး ကိုရတုအိမ်ကိုပါလာသည်။

ဒါကြောင့် ရတုရေချိုးပြီးတော့ သူရိန့်ကိုသတိရပြီးလာခေါ်ဖို့ပြောလိုက်ခြင်းဖြစ်သည်။လာမခေါ်လို့လည်းမရ။

My Star(Complete)Where stories live. Discover now