Ch 26

387 23 6
                                    

Unicode

ဇွဲထိုစကားတွေကို သူ့ရှေ့ကအိပ်ပျော်နေတဲ့အစ်ကို့ကိုပြောပြနေရင်း ဇွဲတောင်မသိလိုက်ပါဘဲမျက်ရည်တွေကျဆင်းလာကြတယ်။အကြောင်းစုံပြောပြပြီး ဇွဲကိုယ့်ကိုယ်ကိုမျက်ရည်ကျနေမိတာ သတိထားလိုက်မိတဲ့အချိန်ကျ ဇွဲရဲ့ခေါင်းအုံးတစ်ခုလုံးတောင်မျက်ရည်တွေနဲ့ ရွှဲရွှဲစိုနေပြီဖြစ်သည်။ဒါပေမဲ့ ရင်ဘတ်ထဲကဝမ်းနည်းနေမှုကတော့လျော့မသွားသေးတာကြောင့် ရုတ်တရက်ရှိတ်သံထွက်မိသွားတော့ ဇွဲကိုယ့်ပါးစပ်ကိုယ်လက်နှစ်ဖက်နှင့်တင်းတင်းပိတ်ကာ ရေချိုးခန်းဆီထပြေးမိတော့သည်။

ဇွဲအိပ်ယာကထပြေးသွားတော့ အိပ်ယာပေါ်လှဲကာမျက်လုံးမှိတ်ထားတဲ့ရတု ရုတ်တရက်မျက်လုံးတွေပွင့်လာပြီး ဇွဲထွက်သွားတဲ့ဖက်ကိုလိုက်ကြည့်ကာသက်ပြင်းဖွဖွချလိုက်မိသည်။ရတုအိပ်ယာပေါ်စလှဲထဲက ခန္ဓာကိုဟိုလှိမ့်ဒီလှိမ့်လှုပ်နေတဲ့ဇွဲကြောင့် တစ်ရေးမှမအိပ်ရသေးပါဘူး။ရတုခုနကဇွဲပြောတဲ့အကြောင်းတွေအကုန်လုံးကိုလည်း သေချာကြားလိုက်ပါသည်။ဒါပေမဲ့ ရတုအိပ်နေတယ်အထင်နဲ့ယုံယုံကြည်ကြည်ပြောပြနေတဲ့ဇွဲကြောင့်သာ သူမျက်လုံးလုံးဝမဖွင့်ခဲ့ခြင်းပင်။

ရတု ဇွဲရေချိုးခန်းဝင်သွားတာကြောင့် မျက်လုံးဖွင့်ပြီးမျက်နှာကျက်ကိုကြည့်ကာ ခုနကအကြောင်းပြန်တွေးကြည့်မိသည်။ဇွဲအစ်မဖြစ်သူကို ဘယ်လောက်ပဲမိဘတွေကဖိအားပေးကြတယ်ပြောပြော သူတို့ကသူတို့သမီးကိုချစ်ကြသေးသည်။ဒါဆို ရတုမိဘတွေကကော။ရတုလိုဂြိုလ်ကောင်ကို ချစ်ကြမတဲ့လား။ရတုအတော်ကြာမေ့ဖျောက်ထားခဲ့တဲ့အကြောင်းကခေါင်းထဲထပ်မံဝင်ရောက်လာတာကြောင့် ရတုကိုယ့်အတွေးတွေကိုခေါင်းခါရင်းပြန်ထုတ်လိုက်မိသည်။အဓိပ္ပါယ်မရှိတာတွေ။

ရတုရေချိုးခန်းထဲကနေအတော်ကြာတဲ့အထိမထွက်လာသေးတဲ့ဇွဲကြောင့် အိပ်ယာကထကာရေချိုးခန်းနားသွားတံခါးခေါက်မိသည်။ရန်ကုန်မြို့ရဲ့ညအပူချိန်ကမအေးဘူးဆိုပေမဲ့ ညနေကမှဆေးရုံကဆင်းလာတာဖြစ်တဲ့ဇွဲတစ်‌ယောက် ရေချိုးခန်းထဲအချိန်ကြာကြာရှိနေလျှင်ထပ်ဖျားမှာစိုးမိရသည်လေ။

My Star(Complete)Where stories live. Discover now