Ch 25

430 21 6
                                    

Unicode

ဇွဲတစ်ယောက် ရတုနှင့်အတူနေတဲ့တိုက်ရဲ့လမ်းကို လေးခွဆုံရောက်တိုင်းကွေ့ပြီး အဝိုင်းလိုပတ်နေတာ၈ပတ်လောက်ရှိနေပြီ။အခုထိသူ့အတွေးထဲကနေ ရုန်းမထွက်နိုင်သေး။တိုက်ကချောင်နည်းနည်းကျတဲ့အပြင် ညနက်နေပြီမို့ အသွားအလာလည်းသိပ်မရှိကြတော့။ဒါပေမဲ့ ခက်တာကစိတ်နဲ့လူနဲ့မကပ်တဲ့ဇွဲနောက်ကို ရတုကပါတစ်ကောက်ကောက်လိုက်နေရသည်။

ဇွဲကတော့ ညနေကသူဆေးရုံမှာတုန်းကကြားခဲ့တဲ့စကားတွေကိုပဲ ပြန်ကြားနေမိသည်။သူရိန်ကဇွဲကိုကြိုက်နေခဲ့တာဖြစ်ပြီး ဇွဲကြောင့်ပဲခံစားနေရတယ်တဲ့။ပြီးတော့ ကိုနေရောပဲ။ဇွဲကြားကြားချင်းတုန်းက တကယ်ကိုမယုံကြည်နိုင်ခဲ့ဘူး။ဘယ်လိုလုပ်ပြီးတော့ သူရိန်သဘောကျနေခဲ့တာကို ဇွဲလုံးဝမသိခဲ့ရတာလဲ။

ကုန်လွန်ခဲ့တဲ့အချိန်တွေတုန်းက ဇွဲကိုယ့်အပြုအမူတွေကိုပြန်စဉ်းစားမိတော့ သူရိန့်ကိုအရမ်းအားနာမိသည်။အစထဲကသာ သူရိန် ဇွဲကိုသဘောကျနေမှန်းသိရင် ဇွဲ့အပြုအမူတွေကိုဆင်ခြင်ကောင်းဆင်ခြင်နိုင်ခဲ့ပါရဲ့။ဒါပေမဲ့ အခုတော့အချိန်တွေကလွန်ကုန်ကြပြီ။

ဇွဲဘဝကို အရမ်းပေါ့ပေါ့တွေးပြီး နေနေခဲ့မိတာပဲ။ငယ်ငယ်ထဲက ကျန်းမာရေးချူချာလွန်းတာကြောင့် မိဘတွေကအစ ဆွေမျိုးတွေကပါအလိုလိုက်ထားတာကြောင့် ဇွဲအခွင့်ထူးခံလူတန်းစားတစ်ယောက်လို နေခဲ့မိသည်။

ငယ်ငယ်ထဲက ဇွဲရဲ့ပျော်ရွှင်မှုကအကန့်အသတ်နှင့်မို့ ဇွဲကတခြားသူတွေထက် ပျော်ရွှင်မှုကိုပိုခုံမင်တယ်လို့ပဲထင်ခဲ့မိသည်။ဒါ့‌ကြောင့် အရာအားလုံးထက် ကိုယ်တိုင်ပျော်ရွှင်ဖို့ကိုပဲ ဂရုစိုက်တတ်သည်။ဇွဲရဲ့ပေါ့ပျက်ပျက်အတွေးတွေ၊ ဘာကိုမှမစဉ်းစားဘဲလုပ်ခဲ့တဲ့ အပြုအမူတွေကြောင့် ခုတော့ ဇွဲကိုယ်တိုင်ပဲခံစားနေရပြီ။

တခြားသူတွေရဲ့ခံစားချက်။ဇွဲတစ်ကိုယ်ကောင်းဆန်စွာပဲ တစ်ခါမှမတွေးမိခဲ့ဘူး။ဇွဲကိုယ်တိုင်ကပျော်ရွှင်မှုကိုရှာနေတာမို့ ကိုယ်ပျော်ရင် တခြားသူတွေလည်းပျော်လိမ့်မယ်လို့ပဲ ထင်ထားခဲ့တာ။

My Star(Complete)Where stories live. Discover now