Ch 21

465 26 7
                                    

"ကိုယ်"

ရှေ့ဆက်တိုးဖို့ပြင်နေတဲ့အစ်ကို့ကိုကြည့်ပြီး ဇွဲပြင်းပြင်းထန်ထန်တားမြစ်လိုက်သည်။

"တစ်လှမ်းမှရှေ့ဆက်တိုးမလာနဲ့။တစ်လှမ်းဖြစ်ဖြစ်ဆက်တိုးလာရင် ကျွန်တော်တို့ပြတ်ပြီပဲ"

"ဇွဲ"

အစ်ကိုကရပ်လိုက်ပေမဲ့ ဇွဲကိုမျက်နှာငယ်လေးနှင့်ကြည့်လာသည်။အဲလိုမျက်နှာမျိုးနှင့်မကြည့်ပါနဲ့။အခုချိန်မှာတော့ တကယ်ကိုမုန်းလွန်းလို့ပါ။

"ရှင်း။အဲကိစ္စကိုအခုရှင်း။နားထောင်ပေးမယ်"

ဇွဲစိတ်ကို အတတ်နိုင်ဆုံးတည်ငြိမ်‌အောင်ထားပြီး ပြန်ပြောလိုက်သည်။ရတုကတော့ ဘယ်ထဲကပြောချင်နေတယ်မသိ။တရစပ်ကို လုံးဝမရပ်ဘဲ ရှင်းပြလာသည်။

"ကိုယ်မင်းကိုပို့ပြီးထွက်တော့ အေးချမ်းအိမ်ကိုပဲတည့်တည့်မတ်မတ်သွားခဲ့တာပါ။တကယ်ပါ။ဒါပေမဲ့ ရောက်ခါနီးမှယွန်းသခင်ကဖုန်းဆက်လာခဲ့တာ။သူကိုယ်တို့တိုက်ရှေ့ရောက်နေတယ်တဲ့။ပေးစရာရှိလို့ ခနဆင်းလာခဲ့ဖို့ပြောတယ်။သူပြောတာကိုကိုယ်တကယ်ငြင်းခဲ့ပါတယ်။ဒါပေမဲ့ သူကကိုယ်မလာမချင်းအဲနေရာမှာပဲစောင့်နေဦးမယ်တဲ့။ကိုယ်ကဘယ်လောက်ပဲမစောင့်နဲ့ပြောပြော သူကမရဘူး။ကိုယ်မလာမချင်းစောင့်နေမှာတဲ့။ယွန်းသခင်ကပြောရင်ပြောတိုင်းလုပ်တတ်တဲ့အကျင့်ရှိတယ်။အဲဒါနဲ့ကိုယ်ကားကိုပြန်လှည့်ပြီး ဒီကိုပြန်လာခဲ့တာ။ညဘက်ဆို‌တော့ မိန်းကလေးတစ်ယောက်တည်းအပြင်မှာနေတာကမကောင်းဘူးမလား။ကိုယ်က ဟိုတစ်ခါနေရောင်သွေးလိုဖြစ်မှာစိုးလို့ပါ။အခုပြောတာတွေအကုန်လုံးကအမှန်တွေချည်းပဲ။ကိုယ်တကယ်မလိမ်ဘူး"

"..."

ဇွဲ ဘာမှထပ်မပြောမိ။သူကပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တယ်တဲ့လား။အစ်ကိုကအဲတစ်ယောက်နှင့် တော်တော်သံယောဇဉ်ရှိတယ်ထင်တယ်။ဇွဲ လက်သီးဆုပ်ပြီး ဟက်ခနဲတစ်ချက်ရယ်လိုက်မိသည်။

"ကိုယ်တောင်းပန်ပါတယ်"

"ယုံပေမဲ့ သစ္စာဖောက်သလိုခံစားရလို့ အရမ်းဒေါသထွက်တယ်။အဲဒါကြောင့် ကျွန်တော်တို့မဆက်သွယ်ပဲနေကြရအောင်။အစ်ကိုဂျပန်ကပြန်လာတဲ့အထိ"

My Star(Complete)Where stories live. Discover now