Ch 9

603 25 2
                                    

Unicode

လွန်ခဲ့သောတစ်ပတ်လုံးလုံး ရတု နေရောင်သွေးရဲ့ဟန်ဆောင်ရည်းစားဆိုတဲ့တာဝန်ကို ပီပြင်အောင်သရုပ်ဆောင်ဖို့ ညနေတိုင်းနေရောင်သွေးသင်တန်းလာတက်တဲ့ လှည်းတန်းမှာအပို့၊အကြိုလုပ်ပေးနေခဲ့ရသည်။

၃ရက်မြောက်နေ့ကျတော့ နေရောင်သွေးက သူ့နောက်လိုက်နေတဲ့စီနီယာအစ်ကိုကြီး မြန်မြန်နောက်ဆုတ်သွားအောင် ရတုနှင့်မိတ်ဆက်ပေးချင်ကြောင်းပြောလာသည်။

အဲဒီအစ်ကိုက ရတုတို့ကျောင်းကပဲဘွဲ့ရသွားပြီး အခုနေရောင်သွေးသင်တန်းတက်တဲ့လှည်းတန်းမှာပဲ အလုပ်လုပ်နေရာကနေရောင်သွေးနှင့်တွေ့ကြခြင်းဖြစ်သည်။

အဲဒီအစ်ကိုနှင့် နေရောင်သွေးစသိခဲ့တာ သင်တန်းကအစ်ကိုတစ်ယောက်ရဲ့မိတ်ဆက်ပေးမှုကြောင့်ဖြစ်ပြီး နေရောင်သွေးနှင့် ကျောင်းကတူသည့်အပြင် မေဂျာပါတူနေတာကြောင့် ကိုယ့်မေဂျာနှင့်ပတ်သက်တဲ့အကြောင်းတွေကို နှစ်ယောက်သားဆွေးနွေးကြရာက ခင်မင်မိခဲ့ကြခြင်းဖြစ်သည်။

အဲဒါကအစပိုင်းမှာတော့ အဆင်ပြေပေမဲ့ အဲဒီစီနီယာကနေရောင်သွေးကို ဖွင့်ပြောပြီးနောက်ပိုင်းမှာပိုရဲတင်းလာခဲ့သည်။

နေရောင်သွေးသင်တန်းဆင်းတဲ့အချိန်တိုင်း သင်တန်းနားမှာ လာစောင့်နေတတ်ပြီး အတင်းမုန့်ဝယ်ကျွေးတာတို့၊အဆောင်ထိအတင်းလိုက်ပို့တာတို့ လုပ်လာသည်။

နေ‌ရောင်သွေးဘယ်လောက်ငြင်းငြင်း အမြဲလာတွေ့နေပြီး သင်တန်းဆင်းတဲ့အချိန်တိုင်း အဲအစ်ကိုမတွေ့အောင်ရှောင်ပြေးနေပေမဲ့ အမြဲတမ်းနောက်ကတကောက်ကောက်လိုက်ကာ ပိုးပန်းနေဆဲပင်။

နောက်ပိုင်း နေရောင်‌သွေးဖုန်းနံပါတ်ကိုဘယ်လိုရတယ်မသိ။နေ့တိုင်းဆက်လာတော့ လိုင်းမကောင်းဟုပြောကာ ဖုန်းချပစ်ခဲ့ရသည်ကအခါခါ။

လိုင်းတက်တဲ့အခါတိုင်း messengerကနေvideo callလာခေါ်နေလို့ နေရောင်သွေးမှာလိုင်းတောင်မတက်ရဲတော့တဲ့အဖြစ်။

အဲဒါကြောင့် ‌နေရောင်သွေးကျောင်းရဲ့Kingဖြစ်တဲ့ ရတုကအကူအညီလာတောင်းတော့ အခုလိုစဥ်းစားမိသွားခြင်းဖြစ်သည်။

My Star(Complete)Where stories live. Discover now