Ch 11

531 21 0
                                    

Unicode

ဒီနေ့က နေရောင်သွေးသင်တန်းတက်တာနောက်ဆုံးရက်မို့ သင်တန်းကသူငယ်ချင်းတွေနှင့်အတူ စားသောက်ဆိုင်တစ်‌ဆိုင်မှာ ညစာစားဖြစ်ကြသည်။

နေရောင်သွေး ညစာစားတာကပြန်လာတော့ ညအတော်နက်နေပြီကြောင့် အဆောင်ကိုမပြန်တော့ဘဲ ရန်ကုန်လာရင်အိပ်နေကျဖြစ်တဲ့ သူရရဲ့တိုက်ခန်းကိုပဲ သွားဖို့ဆုံးဖြတ်လိုက်သည်။

သင်တန်းကနေ သူရတို့လမ်းထိပ်ထိTaxiစီးလာခဲ့ပြီး လမ်းကြားထဲဝင်တော့ နောက်ကကားတစ်စီးအဆက်မပြတ်လိုက်လာသလို ခံစားရတာကြောင့် နေရောင်သွေးပြေးရမဲ့လမ်းကို အလျင်အမြန်ရှာဖွေကာ ခပ်သွက်သွက်ဆက်လျှောက်နေမိသည်။

ခုတလော တို့ဆေးတွေလည်းအရမ်းကိုခေတ်စားနေတော့ နမော်နမဲ့နဲ့ ကိုယ့်ကိုယ်ကိုသံပုရာသီးမယူခဲ့တာကိုပဲ နေရောင်သွေးရင်နာမိသည်။

ဒီနေ့မှ ဒီလမ်းကလည်း ဘာလို့အဲလောက်တိတ်ဆိတ်နေကြမှန်းမသိ။ခါတိုင်းဆို ကလေးတွေပြေးကစားနေကြတုန်းဆိုပေမဲ့ ဒီနေ့မှပဲ တိုက်တိုက်ဆိုင်ဆိုင် နေရောင်သွေးကိုဖမ်းသွားကြပါဟုပြောနေသယောင်။

အရေးထဲမှာမှ ရပ်ကွက်ထဲကခွေးတွေကထအူကြပြန်တာကြောင့် နေရောင်သွေးတစ်ကိုယ်လုံးမှ ကြက်သီးတွေဖြန်းခနဲထကုန်ကြသည်။အဖျက်ကံပဲဝင်တာလား၊ကံပဲမကောင်းတာလားတော့မသိ။ဖုန်းကလည်းbatteryတစက်မှကိုမရှိ။

နေရောင်သွေး ခြေလှမ်းကိုခပ်သွက်သွက်လျှောက်နေတုန်း ထိုကားကနေရောင်သွေးရှေ့ ကန့်လန့်ဖြတ်အနေအထားနှင့် လာပိတ်ရပ်တော့ နေရောင်သွေးမှာထခုန်မိမတတ်လန့်သွားပြီး ကားနှင့်ဆန့်ကျင်ဘက်အရပ်ကိုပြေးတော့သည်။

ဒါပေမဲ့ ပြဿနာကနေရောင်သွေးတွေးသလောက် ရိုးရှင်းဟန်မရပါ။နေရောင်သွေးလာလမ်းအတိုင်းပြန်ပြေးတော့ နေရောင်သွေးရှေ့ကနောက်ထပ်ကားတစ်စီး ထပ်ပိတ်ကာ ရှေ့မီးကိုထိုးလိုက်တာကြောင့် နေရောင်သွေးမျက်စိကျိန်းပြီး အရင်ကားဖက်ပြန်လှည့်လိုက်မိပြန်သည်။

ထိုအခါ ပထမကားကနေအရပ်ရှည်ရှည်နှင့် လူတစ်ယောက်ထွက်လာသည်။ပုံစံက demonတစ်ကောင်လိုပဲ။အင်္ကျီနှင့်ဘောင်းဘီတွေမှာလည်း သံကြိုးတွေအထပ်ထပ်နှင့်မို့ နောက်ကကားမီရောင်နှင့် ငွေရောင်တွေတလက်လက်‌ထနေသည်။ဘွတ်ဖိနပ်သံကလည်း တခွပ်ခွပ်နဲ့။တလမ်းလုံးကို သူတစ်ယောက်တည်းအပိုင်စီးထားသလိုပင်။

My Star(Complete)Where stories live. Discover now