စာစဉ် ၁၀ (၁-၁၆)
4.3K 450 9
စာစဉ် ၁၀၊ အခန်း ၁။  ငါ့စိတ်အေးချမ်းစေတဲ့ အကြောင်းအရင်းက မင်းပဲ (1)
သူမ ပြင်သစ်မသွားခင်က လိုချင်တာဝယ်ဖို့ သူအကြိမ်ကြိမ်ပြောဖြစ်ခဲ့တာကို သူမက လက်ခံခဲ့ပေမဲ့ ဂူယူရှန်းကတ်နဲ့သူက ဘာမှမ၀ယ်ခဲ့ဘူးပေါ့ ။
ဂူယူရှန်း စိတ်မကောင်းဖြစ်မိတာကြောင့် စာရွက်ကိုပိုတင်းတင်းဆုပ်ကိုင်လိုက်မိတော့သည် ..
ယောက်ျားတွေက မိန်းက‌လေးတွေရဲ့စိတ်ကိုရဖို့ ငွေတွေသုံးချင်ကြသည် .. သူသည် မချစ်ဖူးသေးခင်က
ဒီအယူအဆကို လက်မခံခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဒီလုပ်ရပ်က ပိုရင်းနှီးတဲ့ဆက်ဆံရေးကို တည်‌ဆောက်တဲ့လုပ်ရပ် ဆိုတာကို သဘောပေါက်လာခဲ့ရ၏ ။ သို့သော် ပြဿနာအိုးလေးက သူ့ပိုက်ဆံတွေကို မသုံးဘူး ဆိုတော့ ဘာသဘောပါလိမ့် ။
“ဆရာ ဘာမှားနေလို့လဲ”
စာရွက်ကိုကြည့်ပြီး ငြိမ်နေတဲ့ ဂူယူရှန်းကို
ရှောင်ဝမ် မေးလိုက်မိ‌တော့ ဂူယူရှန်းက ကြည့်နေတာကို ရပ်လိုက်ပြီး ဖိုင်ထဲထည့်ထားလိုက်တော့သည် ။
“ဘာမှမဖြစ်ဘူး”
ဂူယူရှန်း ချင်းကျီအိုက်လှေကားပေါ်ကဆင်းလာပြီး
“ကလေးလေးက ဗိုက်ဆာနေပါပြီသတဲ့ရှင်” ဆိုတဲ့ပုံစံလေးကို သတိရမိတာကြောင့် ဖိုင်ကို စားပွဲပေါ်ချလိုက်ပြီး ..
“တခြားရော ဘာရှိသေးလဲ”
“မရှိတော့ပါဘူး..ဆရာ အဲ့ဒါဆို မှာစရာ မရှိတော့ရင်ကျွန်တော်ပြန်တော့မယ်”
ဂူယူရှန်းက ခေါင်းငြိမ့်ပြ‌တော့ ရှောင်ဝမ်ထွက်သွားတော့မှ
အပေါ်ထပ်ကို တက်လာလိုက်တော့သည် ... သူ အခန်းထဲ မ၀င်ခင် တံခါးအရင်ခေါက်လိုက်တော့ ချင်းကျီအိုက်ရဲ့“လာပြီ” ဆိုတဲ့အသံကြားလိုက်ရသည် ။
ချင်းကျီအိုက်ကတော့ အိမ်အကူလာတယ် အထင်နဲ့ တံခါးမဖွင့်ခင် ..
“ညစာစားလို့ရပြီလား” လို့ပြောပြီးမှ တံခါးကိုဖွင့်လိုက်တော့ နံရံကိုမှီထားတဲ့ ဂူယူရှန်းကိုတွေ့သည် ။
သူ့ကို “ကလေးလေး”လို့ ၃ ခါတောင် ခေါ်ထားတာကို သတိရမိတော့ သူမမျက်နှာတွေရဲလာပြန်သည် ။