စာစဉ် ၆ (၁၅-၃၀)
4.8K 610 46
စာစဉ် ၆၊ အခန်း ၁၅။ တစ်လုံးချင်းဆီကို သေချာဖတ် (5)
သူက လုဘန်ချန်းအကြောင်းချည်း ပြောသွားတာကြောင့် ဘာကြောင့်လဲဟု သူမ တွေးကြည့်ခဲ့မိ၏  ...
ကံကောင်းစွာနဲ့ပဲ သူသ၀န်တိုနေတာလို့ သူမ မတွေးခဲ့ပါချေ ။
သူမ ဖြေးဖြေးချင်း မတ်တပ်ရပ်ကာ သဘက် ပတ်လိုက်ပြီး ရေချိုးခန်းထဲ လျှောက်သွားလိုက်တော့သည် ။
မကြာခင်မှာတော့ ဂူယူရှန်းသည် ရေချိုးခန်းထဲက ရေသံကြားလိုက်ရတော့ .. သူလည်း ဗီဒိုထဲမှာ ၀တ်ဖို့ အ၀တ်အစားရှာနေလိုက်သည် .. အဲ့ဒီနောက် ရေချိုးခန်းကို
ကြည့်ကာ အဲ့နားမှာ ရပ်နေမိပြီး ရေသံတွေကို နားထောင်
နေမိ၏ ... ပြီးတော့မှ တခြားအိပ်ခန်းထဲသွားကာ ရေချိုးပြီး အ၀တ်အစားအသစ်လဲလိုက်တော့သည် ။
ဂူယူရှန်း တခြားအခန်းထဲ ရောက်နေတုန်း
အမျိုးသမီးဖြတ်သွားတာမို့ သွားကြည့်ဖို့ ပြင်လိုက်ပြီးမှ
စာဖတ်ခန်းထဲပဲ ၀င်လာခဲ့လိုက်သည် ...
အံဆွဲထဲက ဆေးလိပ်ကို ထုတ်ပြီး သွားနဲ့ကိုက်ထားကာ
အလုပ်စားပွဲမှာ ထိုင်လိုက်သည် ။
သူသည် တစ်ခုခု စိတ်ရှုပ်တိုင်း ဆေးလိပ်သောက်တတ်စမြဲ .. ဆေးလိပ်တစ်လိပ်နဲ့မရရင် နှစ်လိပ်သောက်လိုက်ရမှ
သူ့စိတ်တွေ ငြိမ်သွားတတ်သည်ချည်း ။
တစ်ခါတစ်လေမှာတော့ ဆေးလိပ်သောက်တာကတောင် စိတ်ကိုမငြိမ်စေတဲ့အခါမျိုးလည်း ရှိသည် ။
ဒီလိုမျိုးဆိုရင်တော့ ဆေးလိပ်သောက်ရတာကိုတောင်
သူ စိတ်ရှုပ်လာသည် ။
ဂူယူရှန်း ဘယ်လောက်တောင် သောက်ခဲ့ပြီးပြီလဲမသိ ဆေးလိပ်ဗူးတစ်ဗူးပင် ကုန်ချေပြီ ....
နောက်တစ်ဗူးထပ်ထုတ်ဖို့ အံဆွဲဆီ သွားကာ ယူတုန်းမှာပဲ မသောက်ချင်တော့တာကြောင့် အံဆွဲကိုပြန်ပိတ်ပြီး
ခုံပေါ်မှာ သက်တောင့်သက်သာထိုင်ကာ
မျက်လုံးတို့ကို ပိတ်ထားလိုက်တော့သည် ....
ချင်းကျီအိုက် မေးခဲ့တဲ့ မေးခွန်းကို ပြန်စဉ်းစားမိရင်း
ခုံပေါ်မှာ သက်တောင့်သက်သာမရှိတော့တာကြောင့် အနေအထားပြောင်းလိုက်မိသည် ... ဘယ်လောက်ပဲ
သူ နေပုံပြောင်းပြောင်း သက်တောင့်သက်သာမဖြစ်ပဲ ပိုတောင်ဆိုးလာသလိုပင် ။ ဒါကြောင့် မတ်တပ်ရပ်လိုက်ပြီး ပြတင်းပေါက်နားဆီ သွားရပ်လိုက်သော်လည်း နေ၀င်ပြီး မှောင်ရီပျိုးသွားတာကိုတောင် ဂူယူရှန်း သတိမထားမိလိုက်ပါချေ ။