စာစဉ် ၂ ( ၁ - ၁၀ )
6.7K 719 14
အခန်း ၁ : သူတို့နှစ်ယောက်ရဲ့ အရင်အချိန်လေး (1)
ထိုအချိန်က ချင်းကျီအိုက်တို့ ဆောင်းရာသီ အထက်တန်းကျောင်း ပထမနှစ်ဝက် ပြီးလို့ ကျောင်းပိတ်ထားချိန် ။ နွေဦးပွဲတော်ပြီးနောက် ရှုဝန်နူးဆီက နေ စကိတ်ကွင်းကိုလာခဲ့ဖို့ ခေါ်တဲ့ဖုန်းကို လက်ခံခဲ့ရသည် ။ စကိတ်ကွင်းရောက်တော့ ၀ူဟောင်သူငယ်ချင်းတွေလည်း ရောက်လာကြ၏ ...
ဂူယူရှန်းလည်း အပါအ၀င်ပင် ...
အစပိုင်းတွင် သူရောက်နေတာကို သူမလေး မသိခဲ့ပေမည့်
ဝူဟောင်က သူ့သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးခဲ့တာကြောင့် ဂူယူရှန်းကို တွေ့ခဲ့ရ၏ ။  ထိုစဉ်က ဂူယူရှန်းသည် နံရံကိုမှီပြီး ဆေးလိပ်သောက်နေခဲ့လေသည် ...
“အစ်ကိုရှန်း ဒါက ကျွန်တော့်ကောင်မလေးရဲ့ သူငယ်ချင်း ချင်းကျီအိုက်တဲ့”
ဝူဟောင်ရဲ့မိတ်ဆက်ပေးမှုကို ဂူယူရှန်းက ချက်ချင်းမတုံ့ပြန်ပဲ ဆေးလိပ်ဖွာထုတ်လိုက်သေးသည် ။ ထို့နောက် နံရံကို မှီထားရင်းကနေ ခေါင်းပါ မှီချလိုက်လေသည် ။
ပုံမှန်နေ့များဆိုရင် သူ့ကို အ‌ဝေးကနေသာ ငေးကြည့်နေတတ်သည့် ချင်းကျီအိုက် ၊
အခုလို သူမရှေ့ကို အကောင်လိုက်ကြီး ရောက်နေလေရာ ရင်ခုန်သံတို့က တဒုတ်ဒုတ် တဒုတ်ဒုတ်နဲ့ မထိန်းနိုင် မသိမ်းနိုင်အောင်ကို မြန်ဆန်နေရလေပြီ ။ ထိုအခိုက် သူမလေးကို ကြည့်လာသည့် ဂူယူရှန်း၏ အကြည့်တစ်ချက်ကြောင့် အသက်ရှုပင် ရပ်လုမတတ် ။
တခြားကောင်လေးတွေကဲ့သို့ သူသည် ခေါင်းအစခြေအဆုံး ကြည့်သည်လည်းမဟုတ် ၊ အပြုံးနဲ့ တုံ့ပြန်သည်လည်း မဟုတ် ။ ခေါင်းသာ ဆတ်ခနဲ ငြိမ့်ပြကာ သူမဆီကနေ အကြည့်တို့ကို ဖယ်သွားခဲ့လေသည် ။
ထို့နောက်တွင် ရှုဝန်နူးသည် လက်ထဲမှာ ပန်းရောင်စကိတ်လေးကို ကိုင်ပြီး သူမကို လာဆွဲခေါ်တော့သဖြင့် ဂူယူရှန်း ရှေ့မှာ ဆက်နေလို့မရတော့ ။ရှုဝန်နူးနဲ့အတူ စကိတ်စီးဖို့ ဖိနပ်လဲနေတုန်း ရှုဝန်နူးသည် နွေရာသီပွဲတော်တုန်းက သူမအိမ်ကို ၀ူဟောင် လာပြီး လက်ဆောင်ပေးသည့်အကြောင်းကို မဆုံးနိုင်စတမ်း ပြောတော့လေသည် ။