စာစဉ် ၁၇ (၁၇-၃၀)
5K 480 47
စာစဉ် ၁၇၊ အခန်း ၁၇။  ခြေထောက်ပေါ်ကအမာရွတ် (7)
ချင်းကျီအိုက် တစ်ရှူးနှစ်ရွက်ယူကာ လက်ကို သုတ်လိုက်ပြီးနောက် ရေချိုးခန်းထဲက ထွက်လာလိုက်သည် ။
“ဆရာ”
ဂူယူရှန်းက သူမခေါ်သံကိုဂရုမစိုက်ပဲ ဆန်ပြုတ်ထည့်ဖို့ ခွက်ထယူကာ သူမကိုလှည့်ကြည့်သည် ။
“ဒါကိုစားလိုက် ပြီးရင်အထုပ်အပိုးတွေပြင် နေ့ခင်း ၃နာရီကျ ဟိုင်နမ်ကို သွားမယ်”
တကယ်က နောက်တစ်နေ့ ညမှ ခရီးထွက်ရမည်ဖြစ်ပေမဲ့ လျန်ဒေါ့ကူကြောင့် ပိုစောသွားလိုက်ပြီး ရှောင်ဝမ်ကို ချင်းကျီအိုက်အတွက်ပါ လက်မှတ်ပြင်ခိုင်းထားလိုက်သည် ။
ဟိုင်နမ်က ပြပွဲတစ်ခုသွားရမှာဖြစ်ပြီး ချင်းကျီအိုက်ကို ခေါ်သွားဖို့တော့ အစက အစီအစဉ်မရှိခဲ့ပေမဲ့ ဟိုက်နမ်မှာက ပေကျင်းလောက်မအေးတာမို့ သူမကို ပိုသက်တောင့်သက်သာ ရှိစေချင်လို့သာ ။
ဂူယူရှန်းနဲ့ အလုပ်လုပ်နေတာ ၂ပတ်လောက်ပဲရှိသေးပေမဲ့ သူမကို ခရီးသွားဖို့ခေါ်တာကြောင့် ချင်းကျီအိုက်မယုံနိုင်စွာပဲ သူ့ကိုကြည့်နေမိသည် ။
“ဟိုမှာက နည်းနည်းအလုပ်များတော့ ရှောင်ဝမ်တစ်ယောက်တည်းနဲ့က အဆင်မပြေလို့လေ”
သူရှင်းပြအပြီးမှာတော့ ဂူယူရှန်းအိတ်ကပ်ထဲက ဖုန်းသံမြည်လာတော့သည် ။ အဖိုးဆက်သည်မို့ မဖြေတော့ပဲ ချင်းကျီအိုက်ကိုသာ စကားဆက်ပြောနေလိုက်သည် ။
“ဘယ်လိုနေလဲ”
“ဟုတ်ကဲ့ ကိစ္စမရှိပါဘူး”
“ကိုယ်ပြောတာက မင်းကျန်းမာရေးဘယ်လိုနေသေးလဲလို့”
ဂူယူရှန်းအပြောကို သူမနားလည်သွားရပြီးနောက်မှာတော့ ခေါင်းခါလိုက်ပြီး မျက်လုံးတို့ကို ကြမ်းပြင်ဆီ အကြည့်ပို့လိုက်ကာ ....
“သက်သာသွားပါပြီ...ကျေးဇူးတင်ပါတယ်”
အဲ့ဒီနောက် ဂူယူရှန်းဆီ ဖုန်းထပ်ဝင်လာခဲ့ပြီး ဒီတစ်ခါမှာလည်း သူဖုန်းမကိုင်ခဲ့ ။
“အောက်ထပ်ဆင်းတော့မယ် ခဏနေတွေ့မယ်”
“ဟုတ်...”