စာစဉ် ၁၁ (၁-၁၄)
4.1K 434 7
စာစဉ် ၁၁၊ အခန်း ၁။  ပြန်လာခြင်း (1)
ဂူယူရှန်း အိမ်ကို ဖုန်းဆက်တော့ အိမ်အကူက လာကိုင်သည် ။
“သခင်လေး”
“သူအဆင်ပြေလား”
“ဟုတ်ကဲ့ ပြေပါတယ်”
“ထပ်ပြီး အန်သေးလား”
“မအန်တော့ပါဘူး သခင်လေးမှာခဲ့တဲ့အတိုင်း ပူပူနွေးနွေးလေး ကျွေးထားပါတယ် ..မိန်းကလေးက စားကောင်းလို့ထင်ပါရဲ့ နှစ်ပွဲစားတယ်”
အိမ်အကူအသံက သူ့အချက်အပြုတ်ကိုသူ ဂုဏ်ယူနေပုံပါပဲ ...
ဂူယူရှန်းလည်း ချင်းကျီအိုက် အဆင်ပြေတယ်ဆိုပေမဲ့ စိတ်တော့ပူတုန်းပါပဲ ။
“သူ့ကို အနီးကပ် စောင့်ကြည့်ပေးနော် တစ်ခုခုထူးခြားရင် ချက်ချင်းအကြောင်းကြား”
စိတ်ပူတာက ဘယ်လိုမှ လျှော့လို့ မရတာကြောင့် ဂူယူရှန်းလည်း ထပ်ပြီး စကားပြောလိုက်ရ‌တော့သည် ။
“ဆရာဝန် အခု‌ ခေါ်လိုက်ပြီး သူအဆင်ပြေလား ကြည့်ခိုင်းလိုက်ပါလား”
“အခုလား”
“ဟုတ်တယ်လေ ဘာလို့လဲ”
“မိန်းကလေးက အိမ်က ထွက်သွားတယ်”
အိမ်အကူရဲ့စကားကြောင့် ဂူယူရှန်းလည်း ဒေါသထွက်သွားတော့သည် ။
“ထွက်သွားတယ် ဘာလို့ အစောတည်းက မပြောလဲ ခင်ဗျားကို ဘာဖြစ်ဖြစ်ပြောဖို့ ပြောထားတယ်လေ.. သူက နေမကောင်းဘူး အိမ်ပြန်ခေါ်လိုက်”
“မသွားဖို့ ပြောခဲ့ပေမဲ့ အလုပ်ကိစ္စအရေးကြီးလို့ သွားရမယ်ဆိုပြီး သွားတာ”
“ခင်ဗျား ဘာလို့ လိုက်မသွားလဲ.. အပြင်ရောက်နေတုန်း နေမကောင်းရင် ဘယ်လိုလုပ်မလဲ ခင်ဗျား က ကျွန်တော်ပြောထားသမျှ ဘာမှကိုမလုပ်တာပဲ ဘာလုပ်နေတာလဲ အခု သူ့ကို ဖုန်းဆက်”
ဂူယူရှန်း ဒေါသတကြီး ပြောဆိုပြီး ဖုန်းချလိုက်တော့သည် ..
၂ မိနစ်အကြာမှာတော့ အိမ်အကူ ဖုန်းပြန်ဆက်ပြီး ချင်းကျီအိုက် အဆင်ပြေကြောင်းပြောမှပဲ သူလည်း အလုပ်စလုပ်နိုင်တော့သည် ။