စာစဉ် ၁၂ ( ၁၉ - ၃၀ )
3.2K 347 9
စာစဉ် ၁၂၊ အခန်း ၁၉။ ဂူယူရှန်းကျွန်မ ချင်းကျီအိုက်လေ (9)
ဈေးဝယ်စင်တာမှာ တွေ့ခဲ့တာကလည်း လျန်ဒေါ့ကူ ၊
တံခါးကနေ ချောင်းကြည့်တုန်းကလည်း လျန်ဒေါ့ကူ ။
လျန်ဒေါ့ကူက အ၀တ်အစားနဲ့မိတ်ကပ်ကို ခဏအတွင်း မပြင်နိုင်လောက်ပါဘူး ဒါဆို လျန်ဒေါ့ကူက နှစ်ယောက်လား ။
သူမ ခန့်မှန်းတာသာ မှန်ရင် အဲ့ဒီနေ့က
သူမ တွေ့ခဲ့တဲ့လျန်ဒေါ့ကူက အတုဖြစ်လိမ့်မည် ၊
လျန်ဒေါ့ကူက ဂူယူရှန်းမိန်းမ
ဂူယူရှန်း သူငယ်ချင်းက ၀ူဟောင် ၊
သူမသာ ဒီအကြောင်းကို ဖော်နိုင်ရင် ၀ူဟောင်နဲ့ထပ်ပြီး အဆက်အသွယ်လုပ်နိုင်လိမ့်မည် ၊
ကျန်းချန်းချန်း တွေးရင်း မျက်လုံးတို့ ပင့်တက်မိပြီးနောက်
လျန်ဒေါ့ကူ အတုဆိုတာ ရှိလား ဖော်ထုတ်ဖို့ တွေးနေလိုက်သည် ။
ကျိုးကျင်းကတော့ ကားထဲမှာ သီချင်းဖွင့်ရင်း စိတ်ပျော်နေမိပေမဲ့ လျန်ဒေါ့ကူက ကားပြတင်းပေါက်အပြင်ကို ကြည့်ရင်း ပျော်နေပုံမပေါ် ၊
ကျန်းချန်းချန်း ဒီနေ့ spa လာမယ်ဆိုတာကို သိပြီး သူတို့နှစ်ယောက် စောင့်နေခဲ့တာဖြစ်ပြီး ကျန်းချန်းချန်းရှေ့မှာ ဇာတ်လမ်းလုပ်ခဲ့ခြင်း ။
ပြီးတော့ ကျိုးကျင်းနဲ့ ၀န်ထမ်းမလေး တိုင်ပင်ပြီး ဗီဒီယိုကို ကျန်းချန်းချန်း ဆီရောက်အောင် တမင်စီစဉ်ခဲ့တာ ၊
ကံကောင်းစွာနဲ့ပဲ ကျန်းချန်းချန်း သူတို့အစီအစဉ်ကို ရိပ်မိမသွား ၊
ချင်းကျီအိုက်ကတော့ ဈေးဝယ်နေခဲ့ပြီးနောက် ငွေရှင်းတော့ ပိုက်ဆံအိတ်ကိုကြည့်မိတဲ့အခါ ခေါက်ထားတဲ့ဒေါ်လာ ၁၀၀တန်လေးက သူမ ပိုက်ဆံအိတ် ထောင့်လေးမှာ ရှိနေတာကို ကြည့်လိုက်ကာ ငွေရှင်းဖို့ကို ကတ်ပဲ ထုတ်ပေးလိုက်တော့သည် ။
အဲ့ဒီနောက် ကားပါကင်ကို ထွက်လာခဲ့ပြီး ကားကို ချက်ချင်းမထွက်သေးပဲ ဒေါ်လာ ၁၀၀တန်လေးကို ပြန်ထုတ်ကြည့်မိသည် ။
“ဂူယူရှန်း ကျွန်မ ချင်းကျီအိုက်ပါ ရှင့်ကို ၈နှစ်တောင် ချစ်ခဲ့တဲ့ ချင်းကျီအိုက်”