စာစဉ် ၂၇ (၁-၁၆)
2.2K 113 15
စာစဉ် ၂၇၊ အခန်း ၁။ လှပတဲ့ တောင်တန်းတွေ မြစ်ရေတွေက မင်းကိုကာကွယ်ပေးလိမ့်မယ် (11)
“သူတို့က ကိုယ့္ကို....”
စစ်သားတွေအနေနဲ့ အနာဂတ်ကိုကြိုတင်ပြင်ဆင်ထားခိုင်းသည်က ပုံမှန်ဆိုပေမဲ့ ဒီစကားကိုတော့ ကိုယ်ဝန်လွယ်ထားရတဲ့ ချင်းကျီအိုက်ကို မပြောချင်ပါ ။
“သူတို့က ကိုယ့်ကို မင်းနဲ့ စကားပြောဖို့ ပြန်လွှတ်လိုက်တာ”
“ရှောင်အိုက် သေချာနားထောင်...”
ချင်းကျီအိုက်ကို ရင်ခွင်ထဲက ဆွဲထုတ်ကာ မျက်လုံးချင်းဆုံလိုက်ပြီး ...
“တစ်ခုပဲ မှတ်ထားပေး ဒါကိုပဲမှတ်ထားပေးပါ ..ကိုယ်မင်းကို လက်ထပ်ဖို့ သေချာပေါက်ပြန်လာခဲ့မှာမို့လို့ ကိုယ့်ကိုစောင့်နေပေးဖို့”
လှပတဲ့ နိုင်ငံကြီးကိုလည်း ဂူယူရှန်းအဆုံးရှုံးမခံနိုင်သလို ချင်းကျီအိုက်ကိုလည်း အဆုံးရှုံးမခံနိုင်ပါ ။
တစ်နေ့မှာတော့ ဂူယူရှန်းဆီတဲ့လူကို မင်းဆီအပြည့်အ၀ပေးမှာမို့လို့ စောင့်နေပေးပါ ....
သူတို့နှစ်ယောက် အိမ်ပြန်လာခဲ့ကြပြီး အိပ်ယာထဲလှဲနေကြပေမဲ့
မနက် ၃ နာရီထိုးသည့်တိုင် အိပ်မပျော်ခဲ့ကြ ။
ဂူယူရှန်းက အိပ်ခိုင်းနေတာကြောင့် ချင်းကျီအိုက်လည်းအိပ်ဖို့ကြိုးစားတော့မည်မို့
အိပ်မပျော်ခင်လေး ဂူယူရှန်းကို မှာခဲ့ရသည် ၊
“ယူရှန်း မနက်ကျမသွားခင် ကျွန်မကိုနှိုးနော်”
“အင်းပါ”
ဂူယူရှန်းပြောရင်း သူမ ဆံပင်တို့ကိုသပ်ပေးကာ အိပ်ပျော်သည်အထိ စောင့်နေလိုက်ပြီးနောက် ဖုန်းတုန်ခါလာတဲ့အခါမှာတော့ ရေချိုးအ၀တ်အစားလဲပြီး အထုပ်အပိုးပြင်လိုက်တော့သည် ။
ချင်းကျီအိုက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်မို့ သူမကို မနှိုးတော့ပဲ လာခေါ်မည့်ကားရောက်လာသည်အထိ စောင့်နေလိုက်ပြီး ကားရောက်လာချိန်မှာတော့ ထွက်သွားတော့ပြင်ချိန် သူမ နိုးလာတော့သည် ။