စာစဉ် ၁၂ ( ၁ - ၁၈ )
3.8K 385 11
စာစဉ် ၁၂၊ အခန်း ၁။  အဆုံးသတ် (1)
ဂူယူရှန်း ချင်းကျီအိုက်၏လက်တို့ကို ဆုပ်ကိုင်ကာ လမ်းလျှောက်နေရင်းက ရုတ်တရက်ပြောလိုက်သည့်စကားက ချင်းကျီအိုက် ခြေလှမ်းတို့ကို ရပ်တန့်သွားစေပါသည် ။
“ပြဿနာအိုးလေး ကိုယ်တို့ ကလေးယူရအောင်”
တိတ်ဆိတ်နေတဲ့ နေရာရပ်ဝန်းလေးတစ်ခုမှာ ပြောလိုက်သည့် ဂူယူရှန်းအသံက ကြည်ကြည်လင်လင်နှင့် နူးညံ့မှုတို့ စီးဝင်နေသည် ။
ဂူယူရှန်းသည်လည်း သူမနည်းတူ ခြေလှမ်းတို့ကို ရပ်လိုက်ပြီး ချင်းကျီအိုက်ကို လှည့်ကြည့်လိုက်၏ ။
တိုး‌ဝှေ့နေတဲ့ လေပြေတို့ကြောင့် လွင့်ပျံနေသည့် ချင်းကျီအိုက်ဆံပင်တချို့က ဂူယူရှန်း ရင်ဘတ်ကို ရိုက်ခတ်နေသည် ...
သူတို့နှစ်ယောက်တည်းသာ ရှိနေသည့် ကမ္ဘာကြီးက ရပ်တန့်သွားသလိုပါပင် ၊
ချင်းကျီအိုက်
ဂူယူရှန်းမျက်လုံးတို့ကို မော့ကြည့်ရင်း
မယုံနိုင်စွာပဲ ဂူယူရှန်းပြောလိုက်သည့် စကားကို ထပ်မေးမိလိုက်သည် ။
“တကယ်ကြီးပြောနေတာလား .. ကလေးယူဖို့ကိုလေ”
“အင်း”
ဂူယူရှန်းက တွေ‌ဝေခြင်းအလျင်းမရှိပဲ ခေါင်းငြိမ့်ပြ၏ ။
တကယ်တမ်းက ဒီစကားကို ဂူယူရှန်းက အခုချက်ချင်း ပြောချင်ခဲ့တာမဟုတ် ၊ လုဘန်ချန်း ယူလာမဲ့ လက်စွပ်လေးနဲ့ လက်ထပ်ခွင့်တောင်းပြီးမှသာ ကလေးယူဖို့အကြောင်း ပြောပြချင်ခဲ့တာပင် ။
သို့သော် ချင်းကျီအိုက် ကလေးတစ်ယောက်နှင့် အတူထိုင်နေပြီး ကလေးရဲ့မျက်ရည်တွေကို သုတ်ပေးနေသည်ကို မြင်လိုက်ရသည့်အခါ ရင်ထဲမှာ ထပ်မထိန်းထားနိုင်တော့သည့် စကားက နှုတ်ဖျားက ထွက်ကျလာခဲ့ခြင်း ။
ကလေးယူဖို့ စကားကို ပြောထွက်ဖို့ ဂူယူရှန်းအများကြီး ကြိုးစားနေခဲ့ပေမဲ့ ကလေးမလေးတစ်ယောက်နှင့် ချင်းကျီအိုက်ကို အတူတွဲတွေ့လိုက်ရစဉ် စဉ်းစားထားခဲ့တဲ့ စကားလုံးတွေ ပျောက်ရှသွားပြီး စကားစ ခပ်ပြတ်ပြတ်ကသာ ထွက်လာခဲ့သည် ။