စာစဉ် ၂၄ (၁-၁၆)
2.8K 284 6
**စာစဉ် ၂၄၊ အခန်း ၁။  မင်းလည်း ကိုယ့်ကို ချစ်နေတယ်မလား (13)**
“နောက်အပတ် မနက်ပိုင်း ဟွေ့ဆွေ့အစည်းအ‌ဝေးအတွက် အားလုံးပြင်ဆင်ပြီးပြီလား”
ဂူယူရှန်းရဲ့ရုတ်တရက် စကားကြောင့် နားမလည် ဖြစ်ရသူကရှောင်ဝမ်ပါပင် ။
နောက်အပတ် မနက်ပိုင်း ဘယ်တုန်းက အစည်းအ‌ဝေးရှိခဲ့လို့ ဂူယူရှန်းပြောနေရသည်နည်း ။
ဆော့လက်စ ဂိမ်းက ဟွေ့ဆွေ့ ကနေ ထုတ်ထားတာ ဖြစ်တာမို့ ဟွေ့ဆွေ့ ဆိုတဲ့နာမည်ကို ကြားလိုက်ရတဲ့ ချင်းကျီယမ်ကတော့ ဂူယူရှန်းအပေါ် စိတ်ဝင်စားမှုများသွားပြီး လှည့်ကြည့်လာလေသည်။
ဂူယူရှန်းလိုချင်တာလည်း ဒီလိုစိတ်ဝင်စားမှုပေပဲမို့
ရှောင်ဝမ့်ကို တစ်ချက်လှည့်ကြည့်လိုက်တဲ့အခါ ရှောင်ဝမ်ကအလိုက်သိစွာဖြေပေးသည် ။
“ဟုတ်ကဲ့ အဆင်သင့်ပါပဲ”
“အိုကေ ခဏနေ ငါ့ကို အချက်အလက်တွေပို့ပေးလိုက်”
“ဟုတ်ကဲ့ ဆရာဂူ”
ဂူယူရှန်းနဲ့ ရှောင်ဝမ်တို့ရဲ့ စကားဝိုင်းအပြီးမှာတော့ စိတ်ဝင်စားမှုကို မထိန်းချုပ်နိုင်တော့တဲ့ ချင်းကျီယမ် စကားစလာတော့သည် ။
“အစ်ကို ဂူ နဲ့ အစ်ကိုက ဟွေ့ဆွေ့ နဲ့ ဘယ်လိုပတ်သက် တာလဲ”
ဟွေ့ဆွေ့ ပိုင်ရှင်ဖြစ်ကြောင်း ကိုယ့်ဘာသာကိုယ် ပြောဖို့သည်က နည်းနည်းကြွားဝါသလို ဖြစ်မည်မို့ ရှောင်ဝမ့်ကိုအသာလှည့်ကြည့်လိုက်တော့ ရှောင်ဝမ်က ကိုယ်စားဖြေပေးသည် ။
“ဆရာဂူက လွန်ခဲ့တဲ့ ၃လ လောက်က ဟွေ့ဆွေ့ကိုဝယ်ခဲ့တာလေ...ပြောရရင် ဟွေ့ဆွေ့က ဆရာဂူပိုင်တာပေါ့”
ချင်းကျီယမ် မျက်နှာထက် လေးစားအားကျရိပ်တို့ဖြတ်ပြေးသွားကာ ဂူယူရှန်းကိုအကြည့် ဂူယူရှန်းကတော့ နှုတ်ခမ်းတို့ အသာကော့တက်ကာ ....
“ဟုတ်တယ် အဲ့ဒီဂိမ်းကို အစ်ကိုတို့ ကုမ္ပဏီက ထုတ်ခဲ့တာလေ တကယ်လို့ credits တို့ equipment တို့လိုရင် ရှောင်ဝမ့်ကိုဆက်သွယ်လိုက် သူစီစဉ်ပေးလိမ့်မယ်... နေဦး အခုပဲ သူ့ကို အမြင့်ဆုံး credits နဲ့ လိုအပ်တာတွေ အကုန်လုပ်ပေးလိုက်ရှောင်ဝမ်”