စာစဉ် ၁၇ (၁ - ၁၆)
3.5K 486 29
စာစဉ် ၁၇၊ အခန်း ၁။ ကျွန်မက ယူရှန်းအခန်းမှာအိပ်မှာ (1)
ချင်းကျီအိုက် ၀န်ထမ်းမလေးကိုပြုံးပြလိုက်တော့ သူမလည်း အလိုက်သိစွာပဲ ထွက်သွားခဲ့သည် ။
လျန်ဒေါ့ကူအဖြစ်နေခဲ့စဉ်က အဖိုးကို သိခဲ့တယ်ဆိုပေမဲ့ သူမက အခုချင်းကျီအိုက် ဖြစ်နေပြီမို့ သူတို့ရဲ့သိကျွမ်းမှုကလည်း မရှိတော့တာမို့ ချင်းကျီအိုက်ပြုံးလိုက်ပြီး...
“မင်္ဂလာပါ ကျွန်မက ဆရာဂူရဲ့အတွင်းရေးမှူးပါ အဖိုးက ဘယ်သူပါလဲရှင်”
သူမကိုလှမ်းကြည့်တဲ့ လျန်ဒေါ့ကူကတော့ အံ့အားသင့်သွားပုံပင် ၊ လက်ဖက်ရည်ထည့်နေတဲ့လက်တို့ကပါတုန်လို့ ။
“ဘာဖြစ်လို့လဲရှောင်ကူ”
“ဘာမှမဟုတ်ပါဘူးအဖိုး...ဂူယူရှန်း အတွင်းရေးမှူးက သမီးနဲ့ နည်းနည်းတူနေသလိုပဲထင်ရလို့ပါ”
လျန်ဒေါ့ကူအပြောကြောင့် အဖိုးက ချင်းကျီအိုက်ကို လှည့်ကြည့်လာတော့ အဖိုးသည်လည်း အံ့အားသင့်သွားပုံပင် ။ ဒါကြောင့်ပဲ လျန်ဒေါ့ကူရဲ့အပြုအမူကိုသံသယမဖြစ်တော့ပဲ ဒီအကြောင်းကိုလည်း ထပ်မပြောဖြစ်ကြတော့ ။
“ကျွန်မနာမည်က လျန် ....ဒါကတော့ ယူရှန်းရဲ့အဖိုးပေါ့ တွေ့ရတာဝမ်းသာပါတယ်..ယူရှန်းက ဂိမ်းကုမ္ပဏီကိုဝယ်လိုက်တယ်ကြားတယ် သူကတော့ အလုပ်တွေများသထက်များနေမှာမို့ ကျွန်မနဲ့အဖိုးကပဲ သူ့ကိုလာတွေ့လိုက်တာလေ ကြိုအကြောင်းမကြားပဲ လာလိုက်တာကတော့ သူအံ့သြသွားအောင်ပါ ၊ အခုတော့ သူ့ကို တွေ့တောင်မတွေ့ရဘူး အတွင်းရေးမှုးချင်း ယူရှန်းဘယ်မှာလဲသိလား”
လျန်ဒေါ့ကူရဲ့အပြောကြောင့်ချင်းကျီအိုက်လည်း ဖုန်းကိုထုတ်လိုက်တော့သည် ။
“ဖုန်းခေါ်ကြည့်လိုက်ပါ့မယ်”
သူမ ရှောင်ဝမ်ကိုအရင်ခေါ်ကြည့်ပေမဲ့ ဖုန်းမကိုင်တာမို့ ဂူယူရှန်းကို ခေါ်ပြန်တော့ သူသည်လည်း ဖုန်းမကိုင် ။
အဲ့ဒီနောက် ချင်းကျီအိုက် လျန်ဒေါ့ကူကိုပြုံးပြလိုက်ပြီး စကားဆက်သည် ။
“ဆရာက ရေပူစမ်းရောက်နေတယ်ထင်တယ် ဖုန်းမကိုင်ပါဘူး”
“ဒါဆို...”