စာစဉ် ၂၁ (၁၁-၃၀)
3.6K 379 19
**စာစဉ် ၂၁၊ အခန်း ၁၁။  မှတ်စုစာအုပ်ထဲက စကားလုံးများ(1)**
လုဘန်ချန်းက သန့်စင်ခန်းထဲ ၀င်သွားခဲ့တာကြောင့် ဂူယူရှန်းနဲ့ ၀ူဟောင်ကြားတိတ်ဆိတ်မှုတွေ ၀င်ရောက်နေခဲ့တော့သည် ....
"အစ်ကိုရှန်း ငါကယောက်ျား မဆန်ဘူးလို့ထင်နေပြီမလား ငါ့ကိုအထင်သေးနေတယ်မလား ငါနဲ့ကျန်းချန်းချန်းကိစ္စကို သိပြီးတည်းက မင်းငါ့ကို ရှောင်ဖယ်နေတာငါသိတယ် ငါထည့်ထားတဲ့ အရက်ကိုမသောက်ချင်ဘူး ငါဆွဲပေးတဲ့ခုံမှာမထိုင်ချင်ဘူး ...ဒါပေမဲ့ အစ်ကိုရှန်း ဒီည မင်းဒီကိုလာပေးလို့ ငါတကယ်ကျေးဇူးတင်တယ် ငါ့ကိုဂရုစိုက်နေပေးသေးလို့"
"၀ူဟောင် ငါဒီကိုလာတာမင်းအတွက်မဟုတ်ဘူး"
လုဘန်ချန်းစကားတွေကလည်း ၀ူဟောင်အတွက် နာကျင်စေတယ်ဆိုပေမဲ့ ဂူယူရှန်းစကားက ပိုနာကျင်စရာကောင်းသည် ။
"ဒါဆိုဒီကိုဘာအတွက်လာခဲ့တာလဲ"
"ငါ ချင်းကျီအိုက်နဲ့အထက်တန်းကျောင်းမှာတုန်းက သူငယ်ချင်းဖြစ်ခဲ့လား ငါတို့ ...ရင်းနှီးခဲ့လား"
"ဘာလို့ရှောင်အိုက်အကြောင်း ရုတ်တရက် လာမေးနေတာလဲ မင်းသူ့ကိုကြိုက်နေလို့လား"
ဂူယူရှန်း ၀ူဟောင့်အမေးကိုပြန်မဖြေဖြစ်ခဲ့ ။
သူတို့ သူငယ်ချင်းဖြစ်ခဲ့တာအတော်ကြာပြီမို့
မျက်နှာကိုကြည့်ရုံနဲ့ ဘာတွေးနေလဲ ၀ူဟောင်သိနိုင်သည် ။
"မင်းက ရှောင်အိုက်နဲ့သူငယ်ချင်းမဖြစ်ခဲ့ဘူး မင်းသူနဲ့ အပြင်သွားတာ ငါတစ်ခါမှမတွေ့ဘူး ပြီးတော့ မင်းက အဲ့တုန်းက စစ်ထဲပဲဝင်ချင်ခဲ့တာလေ ဘယ်မိန်းကလေးကိုမှ စိတ်မ၀င်စားခဲ့ဘူး"
"တစ်ခါတုန်းကတော့ မင်း သူ့အတွက် ရန်ဖြစ်ပေးခဲ့ဖူးသေးတယ် ဒါပေမယ့် ပြောရမယ်ဆိုရင် သူ့အတွက်လို့တော့ အတိအကျ ပြောလို့မရဘူး နူးနူး ဒါမှမဟုတ် ကျန်းချန်းချန်းကြောင့်လည်း ဖြစ်နိုင်ပါတယ်"
ဘာစကားမှမပြောပဲ စူးစိုက်ကြည့်နေတဲ့ ဂူယူရှန်းက ၀ူဟောင့်စကားကိုမယုံသလိုပင် ။