စာစဉ် ၅ (၁-၁၀)
4.9K 623 6
စာစဉ် ၅၊ အခန်း ၁။ ငါ မိန်းကလေးကို လက်မပါဘူး (1)
ကိစ္စအများစုက ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်တာမှ
မဟုတ်တာ …
ရေနွေးသောက်နေတုန်း မခံမရပ်နိုင်အောင်
ကိုက်ခဲလာမကြောင့် လက်ထဲက ရေနွေးခွက်မာ ခွမ်းခနဲ လွတ်ကျသွား၏ ။ ရေနွေးတွေ ကိုယ်ပေါ် ကျသွားတာတောင် ဂရုမစိုက်နိုင်အောင် နာနေတာမို့ ဗိုက်ကို ခေါင်းအုံးတစ်လုံးနဲ့ ဖိထားလိုက်တော့ နာကျင်တာက သက်သာလာပြီး
တစ်ချက်ချက်သာ နာလာတော့၏ ။
မျက်လုံးတို့ကို မှေးစင်းထားပြီး ဆိုဖာပေါ်မှာ ခွေခွေလေး နားနေတုန်း ဘဲလ်သံမြည်လာသည် ။
မျက်လုံးဖွင့်ပြီး အသက်ပြင်းပြင်းရှူကာ အားမွေးပြီးမှ
တံခါးနားကို သွားလိုက်တော့ ရှောင်ဝမ်သည်
အ၀တ်အစားပါသည့် အထုပ်ကို ကိုင်လာပြီး...
"မိန်းကလေး လျန် လဲဖို့ အဝတ်တွေပါ"
ချင်းကျီအိုက် ဗိုက်ထဲက ထိုးကိုက်နေတာကြောင့် ချက်ချင်းလှမ်းမယူနိုင်သေးဘဲ ခနကြာတော့မှ
အသံတိုးတိုးလေးနဲ့ ပြောလိုက်မိ၏ ။
"ကျေးဇူးပါ"
"ကျွန်တော်ရောက်ပြီဆိုတာကို ဆရာ့ကို  ပြောထားပြီးပါပြီ ။  အရင်အဝတ်လဲလိုက်ပါ ခနနေ သခင်လေး
လာခေါ်ပါလိမ့်မယ်"
"ကောင်းပါပြီ"
သူမ ပြုံးပြပြီး တံခါးကို ပိတ်လိုက်ပြီးတော့
တံခါးမှာ မှီနေလိုက်ရင်း အသက်ကို ၀ဝရှူသွင်းလိုက်ကာ
အ၀တ်လဲဖို့ ရေချိုးခန်းထဲ သွားလိုက်တော့သည် ။
အ၀တ်အစား လဲပြီးနောက် အနည်းငယ် ရှုပ်ပွနေသည့်
ဆံပင်တို့ကို ဖြီးလိုက်ပြီး ကုတင်ပေါ်မှာ ထိုင်ကာ
ဗိုက်အောက်ပိုင်းကို ဖိထားတုန်း
ဘဲလ်သံက ထပ်မည်လာသည် ။ ဂူယူရှန်းပဲ ဖြစ်ရမည် ။
ချင်းကျီအိုက် တံတွေးမျိုချလိုက်ပြီး လက်ကိုင်အိတ်ကို ယူကာ
တံခါးကို ချင်ချင်းမဖွင့်ပေးဘဲ မှန်ကြည့်လိုက်တော့ မျက်နာမှာ မိတ်ကပ်မပျက်နေပေမယ့် နဖူးမှာတော့  ချွေးတို့
စို့နေတာကြောင့် တစ်ရှူးနဲ့ သုတ်ပြီးမှ ဖွင့်လိုက်ရ၏ ။
ဂူယူရှန်းလဲ ချက်ချင်းမဖွင့်ပဲ ကြာနေလို့ စိတ်တိုသွားပေမည့် သူမထွက်လာတော့ ခေါင်းစခြေဆုံးကြည့်လိုက်သည်တွင် လက်ရှည်နဲ့လုံလုံခြုံခြုံပုံကိုမြင်လိုက်ရပြီး
စိတ်လျှော့သွားလေသည် ။