စာစဉ် ၃၀ (၁-၁၀)
1.8K 190 7
စာစဉ် ၃၀၊ အခန်း ၁။ ရိုးသားမှုကို ပြပေးပါ (1)
“ကျွန်မ ..ကျွန်မ ...ကျွန်မ”
လုဘန်ချန်းအမေးကြောင့်ဆွံ့အသွားခဲ့တဲ့ ရှုဝန်နူး က သူမ မဖြေလျှင် သူမအဖေကို မကူညီဘူးဟုထင်နေပုံရသည် ။
လုဘန်ချန်း ရဲ့ အေးစက်စက်မျက်လုံးတို့ကို မော့ကြည့်လာပြီး တစ်ခုခုကိုစဉ်းစားနေတဲ့ ရှုဝန်နူးခေါင်းထဲမှာ လုဘန်ချန်း သူမကို အလိုမတူစွာဆက်ဆံခဲ့သည့်နေ့ကို သတိရလိုက်တော့သည် ။
လုဘန်ချန်းက သူမကို ချစ်သည်ဟုပြောခဲ့သည် ...
သူမ မှာလည်း ပိုင်ဆိုင်တာဘာမှမရှိသလို
လုဘန်ချန်းမှာလည်း လိုနေသည်မရှိ ။ ထို့ကြောင့်
သူမ လုပ်ပေးနိုင်သည့်အရာက ဒါအပြင် မရှိပါ ။
“ကျွန်မကိုယ်ကျွန်မပေးပါ့မယ်”
လုဘန်ချန်းမယုံနိုင်စွာဖြင့် တုန်လှုပ်သွားရပါ၏ ။
“ကျွန်မကိုယ်ကျွန်မပေးနိုင်ပါတယ်...”
ရှုဝန်နူး ခေါင်းငုံ့ချလိုက်ပြီးနောက် စကားပြောစရာကျန်နေသေးပုံပင် ။
“ရှင် ကျွန်မကို လိုချင်ခဲ့တာမလား တစ်ခါလောက်နဲ့ စိတ်မကျေနပ်နိုင်ခဲ့ဘူးမလား အဖေ့ကိုသာကယ်ပေးမယ်ဆိုရင်
အခုပဲဖြစ်ဖြစ် ကျွန်မကိုယ်ကျွန်မပေးပါ့မယ်....”
ဒီလိုစကားမျိုးကို သူမဆီက ကြားရလိမ့်မည်ဟု လုဘန်ချန်း ဘယ်တုန်းကမှထင်မထားခဲ့ ။
လုဘန်ချန်းကလေးကို သူမ ဖျက်ချပစ်ခဲ့သည့်တိုင် လုဘန်ချန်းအမှတ်မရှိစွာ သူမကို သိမ်းပိုက်ချင်နေသေးသည် ဆိုတာကို ၀န်ခံပါ၏ ။
သို့သော် အခုလိုမျိုး သူမ အပေးအယူလုပ်ပုံမျိုးကိုတော့ လုဘန်ချန်းဘယ်လိုမှ လက်မခံနိုင် ။
လုဘန်ချန်းနှလုံးအိမ်ထဲမှတစ်ဆင့်ပူတက်လာမှုက တစ်ကိုယ်လုံးကို ပူစေကာကျိန်းစက်သွားစေသည်အထိ ။
“ရှုဝန်နူး အဖေအတွက်သမီးရဲ့စွန့်လွတ်မှုကိုပဲလေးစားရမလား ဒါမှမဟုတ် အရှက်မရှိတဲ့မိန်းမလို့ပဲသတ်မှတ်ရမလား”