စာစဉ် ၇ (၁-၁၀)
4.8K 604 24
စာစဉ် ၇၊ အခန်း ၁။  အဲ့ဒီနေ့က ကျေးဇူးတင်ပါတယ် (1)
ချင်းကျီအိုက် နှလုံးခုန်ရပ်တော့မလို ဖြစ်သွား၏ ။
ဒီအခြေအနေကို သူမ တုံ့ပြန်နိုင်စွမ်းမရှိပဲ
တောင့်ကာရပ်နေမိသည် ... သူမ ခြေလှမ်းတွေကို နောက်ဆုတ်လိုက်မိပြီး ဂူယူရှန်းကို ကြည့်လိုက်မိ၏ ..
သူ့ပုခုံးမှာ ဓားဒဏ်ရာ အကြီးကြီးက နေရာယူထားကာ
သွေးတွေ ထွက်နေတာကြောင့် ခဏလေးအတွင်း
အင်္ကျီအဖြူက အနီဖြစ်နေလေပြီ...
ခုဏက ကြမ်းပြင်ပေါ်မှာ လဲနေခဲ့သည့် အင်္ကျီအမည်းနဲ့လူက ဓားတစ်ချောင်း ကောက်ယူလာပြီး ဂူယူရှန်းကို ထိခိုက်စေခဲ့ခြင်း ။
သွေးစွန်းနေသည့် အဖြစ်အပျက်တို့က
အက်ရှင်ဇာတ်ကားတွေထဲကလို ကြောက်လန့်ဖို့
ကောင်းသဖြင့် ချင်းကျီအိုက် တုန်လှုပ်နေမိသည် ..
အင်္ကျီအမည်းနဲ့လူက ဓားကို လက်ထဲကိုင်ကာ ဂူယူရှန်းကို ထပ်ထိုးဖို့ပြင်လာပြန်ချိန် သူ အမြန်ရှောင်နိုင်ခဲ့ပေမည့် ဒဏ်ရာရထားတဲ့လူအနေနဲ့ ဒါက အန္တရာယ်များတဲ့ ရှောင်တိမ်းမှုတစ်ခုပင် မဟုတ်ပါလား ။
ချင်းကျီအိုက် နှလုံးအိမ်တစ်ခုလုံး တုန်ခါနေပြီး
နှလုံးက သူမလည်ချောင်းထဲပင် ထွက်လာတော့မလို ...။
ခြေထောက်တွေက ဆက်ရပ်နေဖို့ အားပင်မရှိပဲ ပျော့ခွေချင်နေသည် ....ဒါကြောင့် သူမ အမှီတစ်ခုခု ရှိနေဖို့ လိုတာကြောင့် ဘေးပတ်ဝန်းကျင်ကိုကြည့်ကာ နံရံဆီ ရွှေ့သွားလိုက်သည် ..
ဂူယူရှန်းသည် ဓားထိသွားခဲ့ပေမည့် သူ့ပုံစံက နာကျင်မနေပဲ သွက်လက်မှုတွေ ပြည့်နေဆဲ ...
သူတို့ မိနစ်ပိုင်းခန့် တိုက်ခိုက်နေကြပြီးတဲ့နောက်
ဂူယူရှန်း သူ့ကို ကန်ပစ်လိုက်သဖြင့် အခန်းထဲ ကျယ်ကျယ်လောင်လောင်အသံ ထွက်လာ‌တော့သည် ... အင်္ကျီအမည်းနဲ့လူရဲ့ လက်ထဲက ဓားကလည်း ကြမ်းပေါ် ပြုတ်ကျသွားပြီး ထိုလူ လုံးဝမလှုပ်ရှားနိုင်‌တော့ ။
ဓားကို နောက်ထပ်လူတွေ ထပ်ကောက်လာမှာ စိုးတာကြောင့်
ဓားကို ကောက်လိုက်ပြီး အ‌ဝေးတစ်နေရာကို
လွှင့်ပစ်လိုက်တဲ့ ဂူယူရှန်း က ကြမ်းပြင်ပေါ်မှာ ကျနေတဲ့
သူ့အင်္ကျီကို ကောက်ယူကာ ချင်းကျီအိုက်ဆီ လျှောက်လာတော့သည် ....