စာစဉ် ၃ (၁-၁၄)
5.8K 647 16
စာစဉ် ၃ ၊ အခန်း ၁။ ၈နှစ်တာ အချစ်က အိမ်မက်တစ်ခုလို (1)
ဂူယူရှန်း ဖန်ခွက်ထဲ အရက်တွေ အပြည့်လောင်းထည့်ပြီးတဲ့နောက် ပုလင်းကို ဘေးက ခုံတစ်ခုံပေါ် တင်လိုက်ပြီး  ကျန်းချန်းချန်းကို ကြည့်ကာ ပြောလိုက်သည် ။
“သူတောင်းပန်တာကို တကယ် လိုချင်တာလား”
ကျန်းချန်းချန်းသည် ကျောင်းမှာ သူ့အကိုပါဝါနဲ့ ဗိုလ်ကျတတ်သည့် သူမျိုး .. ထို့ကြောင့် သူ့အကိုလည်း ရှိနေသဖြင့် မော့ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည် ။
ဂူယူရှန်းလည်း ပြန်ခေါင်းညိတ်ပြလိုက်ပြီး ချင်းကျီအိုက်ဘက်ကို လှည့်ကာ ...
“ဒါဆို မင်း သူ့ကို တောင်းပန်လိုက်”
သူ့အသံက တိုးလျလျဆိုပေမဲ့ တစ်ခန်းလုံး ကြားနိုင်၏ ။ ထို့ကြောင့် ရှုဝန်နူး ငြိမ်မနေနိုင်တော့ ။
“ဘာလို့ ရှောင်အိုက်က တောင်းပန်ရမှာလဲ အလကားနေရင်း သူများကို‌ ဝေဖန်နေတဲ့သူက ရှောင်အိုက်မှ မဟုတ်တာ...”
ဝူဟောင်သည်လည်း ရှုဝန်နူးသူငယ်ချင်း မဆိုင်ပဲ ခံရတာကို မကြိုက်လှတာကြောင့် ၀င်ပြောတော့သည် ။
“အစ်ကိုရှန်း”
“ပါးစပ်ပိတ်ထား”
ဂူယူရှန်းက တားနေတဲ့သူတို့အသံတွေကို မပြောစေတော့ပဲ ချင်းကျီအိုက်ကိုပဲ ထပ်ပြောလိုက်ပြန်သည် ။
“တောင်းပန်လိုက်”
ကျန်းချန်းချန်းရဲ့တောင်းဆိုချက်ကြောင့် ဒေါသတွေ တလိပ်လိပ် ထွက်နေရသည့် ချင်းကျီအိုက်ခမျာ ဂူယူရှန်းကလည်း သူမကို ဒီလိုစကားပြောလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့ ။
ဂူယူရှန်းသည် အရမ်းငယ်သေးသည် ဆိုသော်လည်း သူ့စကားတစ်ခွန်းစီတိုင်းက မာန်အပြည့် ရှိသည် ၊ ချင်းကျီအိုက် ၀မ်းနည်းမိပြီး ဂူယူရှန်းရဲ့စကားကြောင့် ကြောက်စိတ်လည်းဝင်မိလာကာ လက်ထဲက ကိုင်ထားသည့်ခွက်က တုန်လို့နေသည် ။
ထိုအချိန် ဂူယူရှန်းသည် ချင်းကျီအိုက် ခါးကို ဖက်ကာ အရက်ခွက်ကို ကျန်းချန်းချန်းမျက်နှာကို ပက်လိုက်တော့သည် ....