စာစဉ် ၆ (၉-၁၄)
4.4K 599 26
စာစဉ် ၆၊ အခန်း ၉။ အရေးကြီးဆုံးလူတစ်ယောက် (9)
ဂူယူရှန်း ဖုန်းကိုကြည့်ကာ
အသက်ကို ခပ်ပြင်းပြင်းရှုသွင်းလိုက်ပြီး ရိုက်နေတဲ့စာကို ပြန်ဖျက်ကာ အသစ်ထပ်ရေးလိုက်သည် ။
“မင်း အခု ဘယ်မှာလဲ”
ချင်းကျီအိုက်လည်း ဒီမေးခွန်းကြောင့် အံ့သြသွားပြီး ပြန်ဖြေလိုက်၏ ။
“အိမ်မှာပါ”
ဂူယူရှန်း မတ်တပ်ထရပ်လိုက်ပြီး ထွက်သွားဖို့ ပြင်လိုက်ချိန် နောက်ထပ်စာက ထပ်ဝင်လာပြန်သည် ။
“ဘာဖြစ်လို့လဲဟင်”
သူသည် စာမပြန်တာကို
သူမက စာတွေ  ထပ်ထပ်ပို့နေသည်....
သူမ လုဘန်ချန်းနဲ့ သိပ်သိပ်ကို ပြောချင်နေတာပါလား ....
ဂူယူရှန်း တံခါးကို ဒေါသတကြီးဖြင့် ၀ုန်းခနဲ
ဆောင့်တွန်းပစ်လိုက်ကာ ထွက်လာပြီးနောက်
ပြန်လှည့်လာပြီး လက်ထဲမှာ ပါလာသည့် လုဘန်ချန်းဖုန်းကို
ဆိုဖာပေါ် ပစ်ချပစ်လိုက်သည် ။
လမ်းလျှောက်သွားနေရင်း လုဘန်ချန်း အပေါ်ထပ်မတက်ခင် ပြောသွားသောစကားကို သတိရမိလိုက်သည် ..
အလုပ်ကိစ္စပြီးရင် ဖုန်းပြန်ခေါ်မယ် ...။
လုဘန်ချန်းသည်လည်း သူမနဲ့ဖုန်းပြောချင်နေတယ်ဆိုတာ
ဂူယူရှန်းဖြင့် ယုံတောင်မယုံနိုင် ။
ဂူယူရှန်း မတ်တပ်ရပ်နေမိပြီး ဆိုဖာဘက် ပြန်လှည့်ကာ လုဘန်ချန်းဖုန်းကို ပြန်ကောက်ကိုင်လိုက်ပြီး
လျန်ဒေါ့ကူ၏ဖုန်းနံပါတ်ကို ရှာကာ
နောက်ဆုံးနံပါတ် ၄ ကို ၇ ဟု ပြောင်းပစ်လိုက်တော့သည် ။
လုဘန်ချန်း ဖုန်းပြန်ခေါ်ရင်
သေချာပေါက် တခြားလူဆီသာ ရောက်သွားပေလိမ့်မည် ။
ထို့နောက် စာရိုက်ပြီး မက်ဆေ့ခ်ျ ထပ်ပို့လိုက်တော့၏ ။
“အခုအလုပ်များနေလို့ နောက်မှ ပြန်ခေါ်လိုက်မယ်”
လန်ဒေါ့ကူဆီကို ပို့လိုက်ပြီးနောက်
သူတို့ ခုဏက ပြောခဲ့သည့်စာတွေကို ဖျက်ပစ်လိုက်၏ ။
လန်ဒေါ့ကူဆီကနေ “ဟုတ်ကဲ့” ဆိုတဲ့စာ ပြန်လာတော့
ဂူယူရှန်း ခပ်အုပ်အုပ် ရယ်လိုက်မိသည် ။
ဖုန်းနံပါတ်မှားသွားပြီ ဖြစ်တာကြောင့် .. လုဘန်ချန်းသည်
သူမကို ဘယ်‌တော့မှ ဖုန်းခေါ်နိုင်တော့မည်မဟုတ်ပေ ။