Ep-12

1.3K 153 23
                                    

Zawgyi

ကားပေါ်ရောက်သည်အထိ လူကရှက်နေတုန်းပင်။အနောက်ဆုံးတန်း ပြတင်းပေါက်ဘေးသွားထိုင်ပြီး နားကြပ်နှစ်ဖက်ကိုတပ်ကာ သီချင်းနားထောင်ရသည်မှာ ကိုယ့်ရဲ့မနက်ခင်းလုပ်ငန်းဆောင်တာတစ်ခု။အကြိုက်ဆုံးplaylistလေးကို နားထောင်ရတာကြောင့် စိတ်ထဲလန်းဆန်းနေတော့သည်လေ။

Jeon Jungkookကတော့ ကိုယ့်မျက်စောင်းထိုးခုံမှာ ကျုံ့ကျုံ့လေးထိုင်နေသည်။သူ့ကြည့်ရတာ အတွေးတွေလည်းမရှိဘဲ ဗလာသက်သက်ဖြစ်နေသလို။

ကိုယ်လည်း မျက်လုံးတွေကိုမှိတ်ထားပြီး ကျောင်းရောက်မည့်အချိန်ကိုသာစောင့်စားရင်း ငြိမ်ငြိမ်လေးထိုင်နေလိုက်တော့သည်။

ခဏအကြာ...

"ဟိတ် ဟိတ်"

မတရားဆွေးလွန်းသည့်သီချင်းနားထောင်နေရင်း မှေးခနဲအိပ်ပျော်သွားရာမှ ဟိတ်ဟိတ်ဆိုသည့်အသံခပ်အုပ်အုပ်ကြောင့် ဆတ်ခနဲလန့်နိုးသွားရသည်။ကြည့်လိုက်တော့ မတ်တပ်ရပ်နေသည့်Jeon။

"အမ် ဘာကိစ္စ"

"နေရာတွေမရှိတော့လို့ နင့်လွယ်အိတ်လေးနည်းနည်းဖယ်ပေးလို့"

"ဟုတ်ပြီလေ"

လွယ်အိတ်ကိုဖယ်ပေးလိုက်တော့ ကိုယ့်နံဘေးမှာထိုင်လိုက်သည့် Jungkookကြောင့် နှလုံးကတဒုတ်ဒုတ်ခုန်လာတော့သည်။

ဒါ ဘယ်လိုအခြေအနေကြီးလဲ အမေရေ။ဒီတိုင်းကြီးတော့ နေလို့မဖြစ်၊စကားစမြည်လေးတော့ ပြောရမည်မဟုတ်လား။

"ဟိုလေ Jeon Jungkook၊ကျောင်းက အိမ်စာဘာပေးလိုက်လဲ"

"ဘာမှမရှိဘူး"

ခပ်ပြတ်ပြတ်ပြောပြီး စကားဖြတ်ချလိုက်တာကြောင့် လူကကြောင်တောင်တောင်ကျန်ရစ်သည်။တကယ်ကို အကြောတင်းတဲ့Jeonပါလေ။

"အင်းအင်း"

ကိုယ်သတိထားမိသလောက် Jeonဟာ စကားနည်းပြီး အနေအေးသည်။မလိုလျှင် ဘာမှမပြော၊တစ်ခွန်းမှ မဟတတ်သူ။ကိုယ်ကတော့ နှစ်ဆယ့်လေးနာရီမှာ တစ်စက်မှမရပ်ဘဲ ပြောနိုင်သူမို့ သူ့ကိုစိတ်အနှောင့်အယှက်ပေးသလို ဖြစ်သွားမှာကလည်း စိုးရိမ်ရသေးသည်။

Moment Of Eighteen(JJK)✔️Where stories live. Discover now