Ep-7

1.1K 176 7
                                    

ကျောင်းဖွင့်သည်မှာ သုံးလခန့်ပဲရှိသေးသော်လည်း စာတွေတောင်လိုပုံလာတာကြောင့် ကိုယ်ရော Hobiပါ guideအချိန်တွင် ဖိဖိစီးစီးစာလုပ်ကြရသည်။စာလုပ်ရတာ မောလာလျှင် နားလိုက်၊စားလိုက်နှင့် အဆင်ကိုပြေလျက်ပေါ့။

"ဟဲ့ Jung Hobi နင်သင်္ချာတွေရပြီလား"

"မေးစရာလား Kim Hyejinရဲ့ တွက်ကိုမတွက်တတ်တာ"

Hobiစကားကြောင့် ကိုယ်အားရပါးရရယ်မိတော့သည်။သူပြောလည်းပြောချင်စရာ၊သင်္ချာတွေက အရမ်းခက်သည်လေ။

"အဲ့ဒါဆို သေချာလေ့ကျင့်ပေါ့ဟဲ့"

ကိုယ့်ကိုမျက်စောင်းထိုးလာကာ ဆူပုတ်ပုတ်ပြန်ပြောရှာသည်။

"အေးပါ နင်ကဆရာမကြီးဆိုတော့ ပြောအားရှိတာပေါ့"

ထိုစဉ် Guideဆရာမပြန်ဝင်လာတာကြောင့် ပါးစပ်ကိုယ်စီပိတ်ကာ စာပြန်လုပ်ကြရတော့သည်။အာရုံထဲအမြဲ တဝဲလည်လည်ဖြစ်နေတာကတော့ Jeon Jungkook။လူကို ဒုက္ခပေးလွန်းသော Jeonသည် ကိုယ့်ကိုအချိန်မရွေးနှောင့်ယှက်လွန်းသည်။

စာအုပ်တွေရဲ့ စာမျက်နှာတွေမှာ သူ့ပုံရိပ်တွေပေါ်နေတာမျိုး။ဓာတ်ပုံရိုက်ထားသော င်္သချာစာအုပ်ပုံတွေကို ခဏခဏထုတ်ကြည့်မိတာမျိုးနှင့် ကိုယ့်အာရုံကိုအတော်လေးလွှမ်းမိုးနိုင်စွမ်းရှိလှသည်။

ဟူး....မပတ်သက်ချင်ပေမယ့် မသိစိတ်ထဲကို တဖြည်းဖြည်းတိုးဝင်လာချေပြီ။
**********
ကျောင်းမုန့်စားဆင်းချိန်တွင် Liaတစ်ယောက် ထမင်းမစားဘဲ ကျောက်သင်ပုန်းပေါ်တွင်ပုံတစ်ပုံကို အသည်းအသန်ဆွဲနေသည်။ထမင်းစားရန်သွားခေါ်တော့ အိမ်မှစားလာသည်ဟုဆိုတာကြောင့် ကိုယ်တစ်ယောက်ထဲ စားပြီး အတန်းထဲပြန်လာချိန်တွင်လည်း သူကအခုထိဆွဲ၍မပြီးသေး။

"Lia ဘာတွေဆွဲနေတာလဲ"

"ဪ Hyejin na ငါanimeမျက်လုံးပုံဆွဲနေတာလေ"

ဟုတ်သည်၊သေချာကြည့်တော့မှ မြေဖြူနှင့်ဆွဲတာတောင် အတော်လှနေသည့်မျက်လုံးဝိုင်းဝိုင်းလေး။

"ဝါး လှတယ်ဟဲ့...ဆက်ဆွဲ ငါကြည့်နေမယ်"

နှစ်ယောက်သားဆွဲလိုက်၊စကားပြောလိုက်လုပ်နေစဉ် ကိုယ့်ဘေးမှာ လူရိပ်ကျလာတာကြောင့် ကြည့်လိုက်တော့ Jeon Jungkook...

Moment Of Eighteen(JJK)✔️Where stories live. Discover now