Ep-16

839 130 8
                                    

Zawgyi

အိမ်ပြန်တော့ ဘတ်စ်ကားတူတူစီးကြသေးသည်။ဂျောင်ဂုက အလုပ်လုပ်ထားရတာမို့ ပင်ပန်းနေသည်ထင်၏၊ပြတင်းပေါက်ကိုမှီကာ မျက်လုံးတွေကို မှိတ်ပြီး အိပ်ဖို့အရှိန်ယူနေဟန်ရှိသည်။သူကတော့ ဖုန်းသုံးပြီး ဇာတ်ရှိန်တက်နေသော ဖတ်လက်စwebtoonတစ်ခုကို ဖတ်နေမိသည်။

ထိုစဉ် ပုခုံးပေါ် ဘုတ်ခနဲပြုတ်ကျလာသော ဂျောင်ဂုရဲ့ ခေါင်းလုံးလုံးလေးကြောင့် သူလန့်သွားရသည်။အတော်ကို ပင်ပန်းနေသည်ထင်ပါ့၊တခူးခူးနှင့် သူ့ပုခုံးပေါ်မှာ အိပ်နေတာများ သိုးလို့လေ။ပြန်လည်းမဖယ်ရက်တာကြောင့် ပုခုံးညောင်းခံပြီး ဒီတိုင်းသာ နေနေလိုက်တော့သည်။

မှတ်တိုင်ရောက်တဲ့ထိကို မနိုးသေးသော ဂျောင်ဂုကိုကြည့်ပြီး ထတော့ဟုနှိုးလိုက်သည်။သို့သော် ကျေးဇူးရှင်လေးက တုပ်တုပ်မျှမလှုပ်ချေ။

"ဟဲ့ ထတော့လေ ဂျောင်ဂု"

ဘတ်စ်ကားမောင်းသည့်ဦးလေးကြီးက သူတို့ကိုကြည့်ပြီး ပြုံးနေတာမို့ သူပိုရှက်လာကာ ထပ်နှိုးမိတော့သည်။

"ဂိတ်ဆုံးရောက်နေပြီ ဂျွန်ဂျောင်ဂုရေ ထပါတော့"

"ဆယ်မိနစ်လောက် ထပ်အိပ်ဦးမယ်..."

သူ့ပုခုံးပေါ်ကနေလည်း မကြွတော့ဘဲ ဗလုံးဗထွေးအသံနှင့် ပြန်ပြောပြီး ထပ်အိပ်ပျော်သွားသလားမသိတာကြောင့် သူ့မှာကြားထဲကနေ ကားဆရာကို အားနာရပြန်သည်။

"ဦးလေး ဘယ်လိုမှနှိုးမရလို့ တောင်းပန်ပါတယ်နော်"

"ဘာများဖြစ်တာမှတ်လို့ အခုခေတ်အတွဲလေးတွေများ ချစ်ဖို့ကောင်းလိုက်တာ ဟားဟား"

"ရှင် ကျွန်မတို့က...."

အတွဲမဟုတ်သော်လည်း အတွဲဖြစ်ချင်နေတာမို့ ပြောမည့်စကားကိုဆက်မပြောတော့ဘဲ သွားဖြီးပြီးသာ ပြုံးပြမိတော့သည်။

အကြာကြီးထိုင်စောင့်နေလို့လည်း မဖြစ်တာကြောင့် မလုပ်ချင်လုပ်ချင်နှင့် ဂျောင်ဂုလက်မောင်းကို ခပ်ဖွဖွဆွဲဆိတ်လိုက်ပြီး နားထဲသို့လေမှုတ်ထည့်လိုက်တော့သည်။

Moment Of Eighteen(JJK)✔️Where stories live. Discover now