Ep-5

1.1K 163 16
                                    

Zawgyi
စိတ်ပျက်လက်ပျက်နှင့် အတန်းထဲပြန်လာတော့ Liaက အခြေအနေဘယ်လိုလဲဟဲ့ဟု အဝေးမှလှမ်းမေးနေတာကြောင့် ခေါင်းယမ်းပြလိုက်မိသည်။

"လဒလေးက လှည့်တောင်မကြည့်ဘူး....စိတ်တိုလိုက်တာ"

ပွစိပွစိပြောမိတော့ Liaကတဟီးဟီးရယ်တော့သည်။

"နင်ကဘာလို့ရယ်နေတာလဲ ဒီမှာစိတ်ညစ်နေပါတယ်ဆိုနေမှ"

ဆံပင်တွေကို ဆွဲဖွကာ ကိုယ်သက်ပြင်းချမိသည်။စာအုပ်ကို လူကိုယ်တိုင်ပေးချင်သော်လည်း အခြေအနေမဟန်တာကြောင့် ဒီတိုင်းပဲသူ့အံဆွဲထဲပြန်ထည့်ထားလိုက်ရတော့သည်။

"မဟုတ်ပါဘူးHyejinရယ် အံဆွဲထဲဒီတိုင်းလေးထားခဲ့လည်း မနက်ကျောင်းလာရင်တွေ့မှာပဲဟာကို"

"သန့်ရှင်းရေးလုပ်တဲ့အဒေါ်ကြီးတွေ မှားကောက်သွားရင်
ဘယ်လိုလုပ်မလဲ အဟင်း"

"အေးပါဟယ် နင့်မလည်း မရိုးသားလိုက်တာ"

Liaက မျက်စောင်းကြီးထိုးပြီးပြောနေတာကြောင့် ကိုယ်မသိမသာတံတွေးမြိုချမိသည်။Liaဘယ်လောက်အကင်းပါးသလဲဆိုတာ မသိရင်ခက်မည်လေ။

ထိုစဉ်Jungkookအတန်းထဲဝင်လာတာကြောင့် ကိုယ့်မျက်လုံးတွေကို တစ်နေရာရာသို့လွှဲလိုက်သော်လည်း မယ်မင်းကြီးမက အတင်းကိုယ့်နာမည်ကိုအော်နေတာကြောင့် ပါးစပ်ကိုလည်း အမြန်လှမ်းပိတ်ရသေးသည်။

ဟူး...ကိုယ်ဒီနေ့ကံမကောင်းပါလား~~
....................
ဒီလိုနဲ့ပဲ စာသင်ချိန်တွေကို ပျင်းရိဖွယ်ကျော်ဖြတ်ပြီးနောက် ကိုယ်မျှော်လင့်နေခဲ့ရတဲ့ မုန့်စားဆင်းချိန်ရောက်လာတော့တယ်။အားရပါးရ အပျင်းကြောဆန့်ပြီး ပါးစပ်ကြီးဟသန်းနေစဉ် ဘေးနားကဖြတ်သွားသောJungkookက ကိုယ့်ကိုကြည့်ပြီးရယ်သွားသလိုလို။

"အမလေး အရှက်တွေတော့ကွဲပါပြီဟယ်"

တိုးတိုးလေးပြောမိတော့ ဘေးနားကLiaက ဘာဖြစ်တာလဲဟု တတွတ်တွတ်လိုက်မေးနေလို့ မသိချင်ယောင်ဆောင်ရပြန်တယ်။

သေချာတာကတော့ ကိုယ့်မသိစိတ်ထဲမှနေ၍ Jungkookကို စွဲလမ်းနေပြီဆိုတာ။

Moment Of Eighteen(JJK)✔️Where stories live. Discover now