Ep-1

3.3K 206 16
                                    

Zawgyi
ဆယ့်ရှစ်နှစ်.....ဆယ်ကျော်သက်အရွယ်မို့ သစ်ရွက်ကလေးလှုပ်ရင်တောင် ရယ်မိတယ်တဲ့။ကိုယ်ကရော...မရယ်မပြုံးတတ်တဲ့ကလေးမတစ်ယောက်ဟာ သူ့ကိုတွေ့တော့မှ ရယ်မိလေသလား။ပျောက်ကွယ်သွားခဲ့တဲ့အရင်က အပြုံးတွေက သူ့ကိုတွေ့တော့မှ ပြန်လည်အသက်ဝင်ခဲ့လေသလား....။

ဒါပေမယ့်လေ ရင်နာရတာတစ်ခုကတော့ သူကကိုယ့်ကို အဖက်တောင်မလုပ်ဘူးတဲ့....။

✨✨✨✨✨𝑇ℎ𝑒 𝑆𝑡𝑜𝑟𝑦 𝐵𝑒𝑔𝑖𝑛𝑠✨✨✨✨✨✨
ဟယ်ဆောင်းအထက်တန်းကျောင်း...ဒီကျောင်းကို ကိုယ်ပြောင်းလာခဲ့တော့ အထက်တန်းပထမနှစ်။ဘူဆန်ကလာခဲ့ရတဲ့ ကိုယ့်ကိုဒီကျောင်းက အနံကြီးကွင်းကျယ်တွေက မခေါ်မပြောချင်ကြ။ကိုယ်ကလည်း အဆင်ပြေပြေနေခဲ့တာမို့ ဘယ်သူနဲ့မှတော့မငြိခဲ့။အထက်တန်းပထမနှစ်ဝက်မှာပဲ soulmateတစ်ယောက်နဲ့တွေ့ခဲ့သည်။
သူနဲ့ပဲ အဆင်ပြေပြေပေါင်းသင်းလာတာမို့ တခြားသူငယ်ချင်းဆိုတာ ကိုယ့်အတွက်မလိုအပ်။

Jung Liaဆိုသော သူငယ်ချင်းမလေးသာ ကိုယ့်အတွက်အဆင်ပြေတာမို့။ဒါနဲ့ တကိုယ်တည်းကိုယ်နေသည့် ကိုယ့်နာမည်မှာ Kim Hyejin။အချိန်ပိုင်းအလုပ်လုပ်ကာ ကျောင်းစရိတ်ရော အသုံးစရိတ်ပါရှာဖွေရသည့် ဘဝသမားလေးဟုလည်း စာစာနာနာခေါ်မည်ဆိုလည်း ခေါ်နိုင်သည်။

ကိုယ့်ဘဝမှာ ပြီးပြည့်စုံမှုဆိုတာမရှိခဲ့။အဖေက အမေနှင့်ကွာရှင်းကာ နောက်အိမ်ထောင်ပြုသွားသည့်အတွက်ကြောင့် ကိုယ်ရယ် အမေရယ်မှာ စားနိုင်သောက်နိုင်အခြေအနေလေးတွင်ပဲ ရောင့်ရဲ၍နေကြရသည်။

"Hyejin na ကျောင်းသွားတော့မှာလား"

ကိုယ်အမေ့အသံကိုကြားလိုက်တော့ အတွေးစများပြတ်တောက်ကာ မီးဖိုချောင်ထဲဝင်သွားလိုက်သည်။

"သွားတော့မှာ မေမေ..."

"အင်း ဒီနှစ်ဇူလိုင်လမှာ အမေ့Hyejinလေးကအသက်ဆယ့်ရှစ်နှစ်တောင်ပြည့်တော့မှာပဲ"

အမေကအားတင်းပြုံးပြကာ ကိုယ့်ကိုပြောလာသည်။

"ရုတ်တရက်ကြီးဘာထဖြစ်တာလဲ မေမေကလည်း"

"ဒီတိုင်းပါပဲ အထက်တန်းနောက်ဆုံးနှစ်တောင်ရောက်နေပြီ အမေ့သမီးလေးHyejinကို ကောင်းကောင်းမပြုစုနိုင်ခဲ့လို့ အမေသိပ်ဝမ်းနည်းရတယ်"

Moment Of Eighteen(JJK)✔️Место, где живут истории. Откройте их для себя