Ep-15

928 156 14
                                    

Zawgyi

Hobiကလည်း သူ့ညာဘက်လက်ကိုဆွဲထားပြီး Jungkookကလည်း ဘယ်ဘက်လက်ကိုဆွဲထားတာကြောင့် Hyejinတို့ လှုပ်မရဖြစ်နေသည်။နှစ်ယောက်လုံးကလည်း အချင်းချင်းပြာကျမတတ်ကြည့်နေကြတာကြောင့် တရားခံသူ့မှာ နေရခက်လာတော့သည်။

"ဟိုလေ ငါ့ကို လွှတ်ကြပါဦးလား"

ထိုအခါကျမှ နှစ်ယောက်လုံး လက်တွေအသီးသီးဖယ်လိုက်ကြတော့သည်။

"Jungkookရာ တကယ်တော့ ငါအဲ့ဒါအတည်ပြောတာမဟုတ်..."

Jungkookမျက်ခုံးနှစ်ခုတို့က တွန့်ကွေးသွားပြီး စိတ်ရှုပ်ဟန်ဖြစ်သွားသည်။Hobiကတော့ အူလည်လည်လေး ကြည့်နေရှာသည်။

"အဲ့တော့ အတည်မဟုတ်ရင် ဘာလဲ"

လေသံကပါ မာလာတာကြောင့် သူတံတွေးဂလုခနဲမြိုချမိလိုက်သည်။Hobiကလည်း ဂရုတစိုက်နားထောင်နေတာမို့ ဆက်ပြောဖို့ရာ အားရှိသွားသလို။

"တကယ်တော့ ငါအိပ်မက်မက်နေတာ Jungkook၊အိပ်မက်ထဲက စကားက အပြင်ထိထွက်လာတာပဲ ငါတောင်းပန်ပါတယ်"

"ဪ အဲ့လိုလား ရပါတယ်"

"Jungkook..."

"ငါသွားတော့မယ်"

သူတို့နှစ်ယောက်ကို ကျောခိုင်းပြီး လှည့်ထွက်သွားသော Jungkookကိုကြည့်ရင်း စိတ်မကောင်းဖြစ်သွားရသည်။သို့သော် မတတ်နိုင်။

"Hobi သွားရအောင်လား"

"အင်း သွားကြမယ်"

~

ကျောင်းနားက ကော်ဖီဆိုင်လေးထဲသို့ သူတို့ဝင်ပြီး နေရာယူလိုက်ကြသည်။ဆိုင်လေးက သပ်သပ်ရပ်ရပ်နှင့် မုန့်တွေကလည်းဈေးမှန်ပြီး စားကောင်းတာကြောင့် ဘယ်တော့ဖြစ်ဖြစ် လူစည်လျက်။

"ဘာစားမလဲ ငါဝယ်ကျွေးမှာ"

Hobiက သူ့အကျင့်အတိုင်းပြုံးပြီးမေးသည်။သူပြုံးလျှင် တကယ်အေးချမ်းသည်၊ဒါကြောင့် တစ်ကျောင်းလုံးကလည်း သူ့ကိုHappy Pillလေးလို့ ခေါ်ကြတာနေမှာ။

"Latteနဲ့ ချောကလက်ကိတ်"

"ငါက Espressoနဲ့ ချိစ်ကိတ်"

"အိုခေ ငါသွားမှာလိုက်မယ်"

သူကောင်တာဆီသွားပြီး ကော်ဖီဘယ်နှခွက် မုန့်ဘယ်နှခုမှာလိုက်သည်။မျက်လုံးတွေကတော့ menu cardမှာ။

Moment Of Eighteen(JJK)✔️Where stories live. Discover now