Ep-19

759 123 7
                                    

"ရပ်လိုက်တော့မယ်လို့ နင့်ကိုသဘောကျတာ"

"ဟယ်ဂျင်း"

ရုပ်တည်ကြီးနှင့်ပြောနေတာကြောင့် နောက်နေပုံလည်း မပေါ်။ဂျောင်ဂုတစ်ကိုယ်လုံး တုန်ရီနေတော့သည်။

"ငါ့ကို ဟိုဆော့ကလည်း သဘောကျပုံပဲ၊သူချစ်နဲ့ကိုယ်ချစ်မှာ ကိုယ်ချစ်က စိတ်ပင်ပန်းရတယ်တဲ့။အဲ့တော့ ငါ့ကိုသဘောကျတဲ့လူကိုပဲ ရွေးချယ်တော့မလားလို့"

"အတည်ပြောနေတာလား"

"အင်း အတည်၊ငါနင့်ကို ဆက်သဘောမကျတော့ဘူး နှစ်ဦးနှစ်ဖက်အဆင်ပြေတာပေါ့"

ဟယ်ဂျင်းက သူ့ဘေးကနေ ထသွားပြီး မှတ်တိုင်ဘေးရှိ သစ်ပင်ကြီးအောက်က သစ်ရွက်ခြောက်လေးတွေကို ခြေထောက်နဲ့ ထိုးပြီးဆော့နေသည်။

အခုအချိန်မှာ သူဘယ်လိုခံစားနေရလဲ သူကိုယ်တိုင်တောင်မသိတာ၊ဟယ်ဂျင်းကို ဘယ်လိုပြန်ရှင်းပြရပါ့။

အမှန်အတိုင်းဆို သူ အချစ်ဆိုတာကို ကြောက်ရွံ့နေပြီဖြစ်သည်။

"ငါ တောင်းပန်ပါတယ်"

ဟယ်ဂျင်းက ပျာပျာသလဲလဲနှင့် သူ့ကိုကြည့်ပြီး ဘာလို့တောင်းပန်တာလဲဟုမေးပြီး ပြုံးပြတော့မှ အနည်းငယ်စိတ်သက်သာရာရသွားသလို။

"မဟုတ်ပါဘူး ငါ့ကြောင့် နင်စိတ်ပင်ပန်းနေမလားလို့၊အဲ့လိုဖြစ်အောင် လုပ်ခဲ့မိတယ်ဆိုရင် ငါတောင်းပန်ပါတယ်"

"ဂျောင်ဂု"

"ဘာလို့ဆို ငါကိုယ်တိုင်လည်း ဟိုးတုန်းက နင့်လိုတစ်ဖက်သတ်ချစ်ခဲ့ဖူးတာမို့လို့လေ။အရမ်းနာကျင်ရမှန်း ငါသိတယ် အဲ့ဒါကြောင့်"

သူမသိခဲ့သော အကြောင်းတွေကိုလာပြောပြနေသော ဂျောင်ဂုကိုကြည့်ပြီး သနားစိတ်လိုလိုဝင်လာမိသည်။ကိုယ်သဘောကျနေတဲ့လူ နာကျင်ရတာတော့ ဘယ်သူမှ မြင်ချင်မည်မထင်။

"ငါအရင်က ကောင်မလေးတစ်ယောက်ကိုကြိုက်ဖူးတယ်။သူက ငါ့ကိုအဖက်လုံးဝမလုပ်တာ ဟီး

အဲ့လိုနဲ့ အချိန်တွေကြာလာတော့ ငါလည်း ဒဲ့ပဲဖွင့်ပြောလိုက်တာပေါ့၊သူက ငါ့ကိုမချစ်ဘူးလို့ပြန်ပြောပြီး ကားလမ်းမဆီ ထွက်ပြေးသွားတာ။အဲ့မှာ..."

Moment Of Eighteen(JJK)✔️Where stories live. Discover now