Ep-21

804 125 17
                                    

Zawgyi

"ဂျွန်ဂျောင်ဂု ဘယ်သူက နင့်အပိုင်လဲ"

"နင်လေ နင်ကငါ့အပိုင်"

ပြောနေရင်း သူ့နှာခေါင်းထိပ်ကို ဖွဖွလေးဆွဲလိမ်လိုက်သော ဂျောင်ဂုကြောင့် ပြုံးတော့ပြုံးမိသွားသည်။အရင်ကလို အရမ်းကြီးတော့ ရင်မခုန်တော့ပါလေ ဒါမျိုးတွေနှင့် အသားကျနေခဲ့ပြီမို့။

"မကြိုက်ဘဲနဲ့ လာကစားမနေနဲ့၊နင်ဒီလိုလုပ်နေရင် ငါ
ဟိုဆော့နောက်လိုက်သွားတော့မှာ"

ဒီလိုပြောလိုက်တော့ ဂျောင်ဂုမျက်နှာထားက ချက်ချင်းတည်သွားပြီး သူ့ကိုထားခဲ့ကာ အတန်းထဲသို့ အရင်ဝင်သွားတော့လေသည်။

ဒါလေးစတာကို တကယ်အဖြစ်သည်းနေတဲ့ ယုန်ပေါက်လေးကိုတော့ သူစိတ်ထဲကနေ ကြိတ်အသည်းယားရသည်။ချစ်စရာကောင်းတဲ့ကောင်လေးပဲမလားလေ။

"ဟယ်ဂျင်း"

လီအာက လှမ်းခေါ်တော့ လက်လှမ်းပြလိုက်ပြီး ဘေးခုံမှာ ဝင်ထိုင်လိုက်သည်။

"ကဲ ပြောပါဦး"

"ဘာပြောရမှာလဲ"

အဆက်အစပ်မရှိသောစကားကြောင့် ဟယ်ဂျင်း ကြောင်စီစီဖြစ်သွားတော့သည်။လီအာကတော့ သူ့ကို ပြုံးဖြီးဖြီးမျက်နှာပေးဖြင့် ကြည့်နေဆဲ။

"အမယ် မသိချင်ယောင်ဆောင်နေတယ် မိန်းမ၊နင်နဲ့ ဂျွန်ဂျောင်ဂုလေ နှာခေါင်းလေးကို ထိလိုက်၊လက်ကလေးကို ကိုင်လိုက်နဲ့ အချစ်ငှက်တွေဖြစ်နေကြတာကို ပြောခိုင်းတာ"

"အဲ့ဒါအတည်မဟုတ်ပါဘူး သူစနေတာပါ"

"ဟဲ့ ဘယ်ယောက်ျားလေးကမှ သူတို့စိတ်မဝင်စားတဲ့မိန်းကလေးကို လက်မကိုင်ဘူးဟဲ့၊ငါက အတွေ့အကြုံရှိပြီးသား ငါပြောတာယုံ"

သူ လီအာ့ပြောစကားကို ခေါင်းလှုပ်ရုံလေးသာ ငြိမ့်ပြလိုက်ပြီး စိတ်မပါတပါဖြင့် စာအုပ်ကို ဟိုလှန်ဒီလှန်လုပ်မိနေတော့သည်။

တကယ်ဆို သူပျော်နေရမှာ၊သို့လောသို့လော အတွေးများဖြင့် သူ့နှလုံးသားကို ပြန်နှိပ်စက်မိနေတာကတော့ မဟုတ်သေးပါလေ။

Moment Of Eighteen(JJK)✔️Where stories live. Discover now