Ep-20

849 127 14
                                    

ဟိုဆော့ကို နှုတ်ဆက်ပြီး လေးပင်သောခြေလှမ်းများဖြင့် အိမ်ပြန်လာစဉ် သူတို့တိုက်ခန်းရှေ့ရှိ သစ်သားခုံတန်းလေးမှာထိုင်နေသော ဂျောင်ဂုကိုတွေ့လိုက်ရသည်။

သူက ဒီကိုဘာလာလုပ်တာပါလိမ့်။

"ဂျောင်ဂု ဘာလုပ်နေတာလဲ"

"ဪ ဟယ်ဂျင်း"

မျက်နှာငယ်လေးနှင့်သူ့ကိုအသံပြန်ပေးလာပြီး ချက်ချင်း ခေါင်းငိုက်စိုက်ကျသွားသောကြောင့် သူအံ့ဩသွားရသည်။သူသိသလောက် ဂျွန်ဂျောင်ဂုက ဒီလိုစိတ်ဓာတ်ကျပြီး မှိုင်တွေတွေနေတတ်သူမဟုတ်။မနေ့က သူ့ရဲ့တစ်ဖက်သတ်အချစ်traumaဇာတ်လမ်းကြောင့်များ ဒီလိုအဆွေးဓာတ်ဝင်နေသလားပဲလေ။

သူ ဘေးမှာ ဝင်ထိုင်လိုက်တော့ ဂျောင်ဂုလက်တွေက အနည်းငယ်တုန်ရီနေတာကို သတိထားမိလိုက်သည်။ဘေးတိုက်မြင်နေရသော နှုတ်ခမ်းတွေဟာလည်း တုန်ရီလျက်မို့ နေမကောင်းဘူးလားဟု မေးမိလိုက်သည်။

"နေမကောင်းဘူးလား"

"ဂင်ဟယ်ဂျင်း အမှန်အတိုင်းဖြေ"

ရုတ်တရက်ကြီး မျက်နှာတည်သွားကာ အသံတုန်တုန်နှင့်မေးလာတာမို့ သူထိတ်လန့်သွားရသည်။

"အင် ဘာမေးမလို့လဲ"

"နင်ခုနက ဟိုဆော့နဲ့ဖက်နေတာ...မဟုတ်မှလွဲရော နင်တို့တွဲနေကြပြီလား"

"ဟားဟား...ဂျောင်ဂုရယ် အမှန်တိုင်းဖြေဆိုတာ ဒီမေးခွန်းအတွက်လား ငါနော်"

"ဘာရယ်တာလဲ ဖြေပါဆိုနေ"

"မတွဲပါဘူး ဟိုဆော့က အမေရိကသွားတော့မှာမို့ နောက်ဆုံးအနေနဲ့ ဖက်ချင်တယ်ဆိုလို့ ပေးဖက်တာ၊မတွဲပါဘူး ငါတို့တွေ"

ထိုအခါမှ တုန်နေသောလက်တွေ ပြေလျော့သွားကာ သက်ပြင်းချလိုက်သော ဂျောင်ဂုကိုကြည့်ရင်း သူပြုံးမိလိုက်သည်။

"ဟယ်ဂျင်း နင်ငါ့ကိုထားမသွားရဘူး၊အခုအချိန်ကစပြီး နင်ကငါ့သူငယ်ချင်းပဲ ငါကလည်းနင့်သူငယ်ချင်းပဲ ဟုတ်ပြီလား"

သူငယ်ချင်းအဖြစ်ကနေ မလွှတ်ပေးသေးသော ဂျွန်ဂျောင်ဂုကြောင့် သူစိတ်အချဉ်ပေါက်သွားရသည်။သဘောကျတာရပ်လိုက်မယ်ဆိုတာကလည်း တကယ်တော့စိတ်ထဲက မပါသောစကားပင်။

Moment Of Eighteen(JJK)✔️Donde viven las historias. Descúbrelo ahora