Ep-18

835 122 12
                                    

Zawgyi

ဆေးရုံဆင်းတော့မလို့လား"

ပန်းစည်းကြီးပေးပြီးကတည်းက သူ့မျက်နှာကိုစေ့စေ့မကြည့်နိုင်တော့ဘဲ ပြတင်းပေါက်အပြင်ဘက်သို့သာ လှည့်ထိုင်နေသော ဂျောင်ဂုထံမှ အသံထွက်လာသည်။

"အေး ဆေးကုန်တာနဲ့ဆင်းလို့ရပြီပြောထားတာ"

ဘာမှဆက်မပြောတာနဲ့ သူလည်း သိမ်းစရာရှိတာ သိမ်းဆည်းပြီး အိတ်လွယ်ကာ အခန်းထဲကထွက်မည်အပြု ထိုင်နေရာမှ ဝုန်းခနဲထလာသော ဂျောင်ဂုကြောင့် လန့်သွားရသည်။

"တူတူ...တူတူသွားကြမယ်"

သူလွယ်ထားသည့်အိတ်ကို ဖြတ်ခနဲဆွဲလုပြီး ရှေ့ကနေ ထွက်သွားသော ဂျောင်ဂုကိုကြည့်ပြီး နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိလိုက်ပါသည်။

"ဆေးရုံဖိုးရှင်းဖို့ပါ"

ကောင်တာမှာ ဝင်ပြောတော့ နာ့စ်မက တစ်ယောက်ရှင်းပေးပြီးသွားပြီပြောတာကြောင့် သူခေါင်းစားသွားရသည်။

"ဘယ်သူရှင်းသွားတာပါလိမ့်? နင်လား"

"မဟုတ်ဘူး ငါမနက်မှရောက်တာ"

မျက်နှာကိုကြည့်ရတာလည်း တကယ်ကြီးမဟုတ်သလိုပြောနေတာကြောင့် စဉ်းစားစရာဖြစ်သွားသည်။

"နာမည်က ဂျောင်ဟိုဆော့ပါတဲ့ရှင်"

"ရှင်?သူလား"

ဟိုဆော့နာမည်ကြားလိုက်တာနှင့် ဂျွန်ဂျောင်ဂုမျက်နှာက ကွက်ခနဲမည်းသွားရှာသည်။

"ပြန်ပေးရဦးမယ် မပြောမဆိုရှင်းပေးသွားတာကြီး"

အဲ့ဒီ့အချိန်မှာပဲ ဝင်ပေါက်ကနေ ဝင်ချလာသော ဟိုဆော့ကြောင့် သူလန့်သွားသော်လည်း ပြုံးပြမိလိုက်သည်။

"ရား ဂျောင်ဟိုဆော့၊မပြောမဆိုနဲ့ ရှင်းပေးသွားတော့ လန့်သွားတာပဲ"

"ဂင်ဟယ်ဂျင်းတစ်ယောက်လုံး ဆေးရုံတက်နေရတာကို ငါကဘယ်လိုလုပ် မသိချင်ယောင်ဆောင်ပြီး နေနိုင်မှာလဲ"

"ပြန်ပေးမယ် ရော့"

ပိုက်ဆံအလိပ်လိုက်ကို အတင်းလက်ထဲထည့်ပေးလိုက်တော့ ဟိုဆော့က သူ့လက်ကိုဆွဲပြီး ပြန်ထည့်ပေးသည်။

Moment Of Eighteen(JJK)✔️Kde žijí příběhy. Začni objevovat