Ep-22(End 0.5)

897 107 6
                                    

အချိန်တွေ တစ်စတစ်စကုန်လွန်ခဲ့သော်လည်း ဟယ်ဂျင်းတစ်ယောက် singleဖြစ်နေဆဲပင်။အသက်၁၈နှစ်တုန်းက သစ်ရွက်ကလေးလှုပ်တာတောင် စိတ်က လှုပ်ရှားနေခဲ့တာမို့ မြင်မြင်ရာလူကို ကြိုက်ပြီးရင်ခုန်မိတာကိုလည်း စိတ်ကစားသည်ဟု မသတ်မှတ်ချင်တာတော့အမှန်။

သို့သော် တိုက်ဆိုင်မှုတွေရှိလာသည့်အခါ သတိရတတ်တာကိုတော့ သူဝန်ခံရမည်။

"ဟယ်ဂျင်းရေ ဒီစာရင်းလေးကြည့်ပေးပါဦး၊မနက်ဖြန် Australiaက ဧည့်သည်တွေလာမှာဆိုတော့ လိုက်ပို့ပေးဖို့လိုတယ်"

"ဟုတ်ကဲ့ မန်နေဂျာဂန်"

အလုပ်ပုံထဲ ခေါင်းစိုက်နေသည့် အသက်၂၅နှစ်အရွယ်
ဂင်ဟယ်ဂျင်းမှာ ခရီးသွားလုပ်ငန်းဖြင့် အကျိုးပေးပြီး အခြေတကျဖြစ်နေတာလည်း ဆုလာဘ်တစ်ခုပင်။နေမကောင်းသည့်အမေ့ကိုလည်း ဆေးကုပေးနိုင်ပြီး အိမ်ငှါးဘဝမှလည်း လွတ်ခဲ့သည်။

အလုပ်ကို အာရုံစိုက်လုပ်နေဆဲမှာပင် ဖုန်းသံမြည်လာတာကြောင့် နာမည်မကြည့်ဘဲ ကိုင်လိုက်မိသည်။

"ဟယ်လို"

"ဟယ်ဂျင်းရေ ငါဟိုဆော့ပါ မှတ်မိတယ်မလား"

"ဟယ် ဟိုဆော့! ငါ့သူငယ်ချင်း ဂျောင်ဟိုဆော့မလား"

"ဒါပေါ့ ငါနင့်သူငယ်ချင်း ဟိုဆော့ပါ"

ဟိုဆော့အသံကိုပြန်ကြားလိုက်ရတော့ သူ့နှလုံးသားဟာ အရင်ဆယ့်ရှစ်နှစ်တုန်းက နေ့ရက်များတွင် ခုန်နေခဲ့သော နှလုံးသားပမာ လတ်ဆတ်သွားတော့သည်။

"ငါညနေအလုပ်ဆင်းရင် တွေ့ကြရအောင်လေ၊လိပ်စာကိုတော့ messageပို့လိုက်မယ်"

"တွေ့ကြတာပေါ့ ဒါပဲနော် ဟယ်ဂျင်း"

ဟိုဆော့ဖုန်းချသွားတော့ မဆီမဆိုင် သွားတွေးမိသည်က ဂျောင်ဂု။အဆင်ရောပြေရဲ့လား စာရော အသံပါအဆက်အသွယ်မရခဲ့တာကြောင့် သူသဘောကျခဲ့သည့် ဆယ်ကျော်သက်အချစ်ဦးရုပ်ကိုတောင် မေ့ပျောက်ပျောက်ဖြစ်နေခဲ့ပြီ။

ခေါင်းကို ခါယမ်းလိုက်ပြီး လုပ်လက်စအလုပ်ကိုသာ ဆက်လုပ်နေလိုက်တော့သည်။

Moment Of Eighteen(JJK)✔️Where stories live. Discover now