Ep-6

1K 171 9
                                    

Zawgyi
"Hyejin na...နင့်ကြည့်ရတာ မှိုင်တိုင်တိုင်နဲ့ဟယ်"

Liaက ကိုယ့်ကိုကြည့်ပြီး ပြောလာတာကြောင့် ခေါင်းခါပြမိသည်။အတန်းထဲပြန်ရောက်ကတည်းက ခေါင်းချပြီး အိပ်နေမိသည်၊Liaကိုလည်း စကားမပြောနိုင်။

အမဲသားနှပ်၊Jeon Jungkook၊Jung Lia ထိုသုံးခုသာ ခေါင်းထဲတဝဲလည်လည်။ခေါင်းထောင်ကာ အနောက်ဘက်ကို လှည့်ကြည့်မိတော့ ကိုယ့်လိုပင် စားပွဲခုံပေါ်ခေါင်းမှောက်ကာ ကိုယ်တို့အတန်းကိုကြည့်နေရှာသောJeon Jungkook....။

ရုတ်တရက် ရင်ထဲဒိတ်ခနဲဖြစ်သွားကာ သူ့ကိုအကြာကြီးကြောင်ကြည့်နေမိသည်။သူကလည်း ကိုယ့်ကိုမြင်တော့ ချက်ချင်းခေါင်းထောင်ကာ ဟိုဘက်လှည့်သွားတော့သည်။သူLiaကို ကြည့်နေရင်းက ကိုယ်မြင်သွားတော့ ရှက်ရမ်းရမ်းပြီးလှည့်သွားတာနေမည်။

စိတ်ရှုပ်လိုက်တာ....သူကLiaကို ခိုးကြည့်နေတာကို ကိုယ်ကမြင်သွားတယ်။

"ကဲ စာသင်ကြရအောင်"

ကိုယ်လည်း samရဲ့အသံကြားမှပဲ စာအုပ်တွေထုတ်ကာ စာသင်ရန်ပြင်ရတော့သည်။စိတ်ကတော့ မပါ့တပါ။

"နောက်နေ့စာတွေကျက်လာခဲ့ကြပါ"

Sam၏ စကားအဆုံးမှာတော့ ကိုယ်ချက်ချင်းစာအုပ်တွေကို ကောက်သိမ်းပြီး လွယ်အိတ်ထလွယ်လိုက်တော့သည်။မွန်းကြပ်မှုဒဏ်ကို မခံစားနိုင်တော့တာကြောင့် အိမ်တန်းပြန်တာပဲကောင်းလိမ့်မည်။

"Hyejin na...သွားတော့မလို့လား"

အနောက်မှလှမ်းခေါ်သည့်Liaကိုလည်း မသိချင်ယောင်ဆောင်လို့တော့မဖြစ်။တစ်ချက်လှည့်ကြည့်ကာ

"အင်း အချိန်ပိုင်းရှိသေးလို့ ငါသွားတော့မယ်"

ကိုယ်ကျောင်းဝန်းထဲ လမ်းလျှောက်နေစဉ် အနောက်က ခေါ်သံစူးစူးကြီးကြောင့် ခြေလှမ်းများတုံ့ခနဲ ရပ်သွားတော့သည်။

"Kim Hyejin ခဏနေပါဦး"

"ဘယ်သူခေါ်နေတာလဲဟ"

အနောက်လှည့်ကြည့်မိတော့ Jungkookသူငယ်ချင်း Jung Hoseokဖြစ်နေတာကြောင့် စိတ်ကနှစ်ဆပိုရှုပ်သွားသလို။

Moment Of Eighteen(JJK)✔️Where stories live. Discover now