Ep-3

1.2K 165 9
                                    

Zawgyi
စာအုပ်ကိုကိုင်ကာ ဘတ်စ်ကားမှတ်တိုင်မှာ ကားရပ်စောင့်နေမိသည်။သိချင်စိတ်ဖြင့် လက်ထဲကစာအုပ်ကိုဖွင့်ကြည့်လိုက်တော့ ယောက်ျားလေးလက်ရေးဟုပင်မထင်ရအောင် သပ်သပ်ရပ်ရပ်နှင့် ရှင်းလင်းနေသည်လေ။

ကိုယ်လည်း စာအုပ်ကိုနှာခေါင်းနားကပ်ကာ ရှူကြည့်လိုက်မိသည်။သို့သော်ဘာနံ့မှမရတာကြောင့် နှာခေါင်းနားမှပြန်ခွါလိုက်ရသည်လေ။

ကျွီ.....

ဘတ်စ်ကားရောက်လာတာကြောင့် ကိုယ်လည်းကားပေါ်ခပ်သွက်သွက်တက်ကာ နောက်ဆုံးတန်းတွင်ပြေးထိုင်လိုက်သည်။ပေါင်ပေါ်မှာလည်း စာအုပ်လေးကိုတင်ထားလျက်ပေါ့။

Love in the first sightလား ဒါက...ကိုယ် Jeon Jungkookကို ချစ်မိသွားတာလား။စကားတောင်မပြောဖူးပဲနဲ့ ဘယ်လိုလုပ်ကြိုက်မိ၊ချစ်မိမှာလဲ စိတ်ထိန်းစမ်း။

သို့သော်မသိစိတ်က ခဏခဏပြိုလဲနေသည်မို့။

အိမ်ရောက်တော့ ရေမိုးချိုးကာ အိမ်စာတွေလုပ်ရတော့သည်။ကိုယ့်ဘေးနားကစာအုပ်လေးကတော့ ပိုင်ရှင်မဲ့စွာ။ဒီနေ့သင်လိုက်တဲ့သင်္ချာတွေက အရေးကြီးတာကို...noteစာအုပ်ကိုမှ မေ့ကျန်ခဲ့ရတယ်လို့။

ရုတ်တရက်ကြီးပင် စာလုပ်နေရင်းနှင့် ဖုန်းကိုကောက်ကိုင်ကာ စာအုပ်လေးကိုဓာတ်ပုံရိုက်ထားလိုက်မိသည်။

ချလပ်...

စာအုပ်အဖုံးရော၊အတွင်းစာမျက်နှာတွေကိုပါ တချပ်ချပ်နှင့် ဓာတ်ပုံရိုက်ပြီးနောက် အသိစိတ်ချက်ချင်းဝင်လာတော့သည်။

Kim Hyejin ဘာတွေလုပ်နေတာလဲ!!အခု ကိုယ်သူ့စာအုပ်ကိုဓာတ်ပုံတွေရိုက်နေတာလား...ပြီးတော့ ဘာလုပ်ဖို့လဲ။

အသိစိတ်လွတ်နေသူတစ်ယောက်ကဲ့သို့ တအားအားအော်နေပြီးမှ နာရီကြည့်လိုက်တော့ညနေလေးနာရီ။အချိန်ပိုင်းအလုပ်က လေးနာရီခွဲစမှာမို့ စာအုပ်ကလေးကို လွယ်အိတ်ထဲသေချာသိမ်းကာ အလုပ်သွားရန်ပြင်ဆင်ရတော့သည်။
************
ညနေစောင်းရာသီဥတုကတော့ နေရောင်ပျပျသာထိုးနေတာကြောင့် သိပ်လည်းမပူပေ။လမ်းလျှောက်ရန်အတွက် အကောင်းဆုံးအချိန်ပေါ့။ကိုယ်အလုပ်လုပ်သည့် စတိုးဆိုင်ကဟန်မြစ်ကမ်းဘေးမှာ ရှိတာကြောင့် ညနေခင်းလမ်းလျှောက်သူ၊အားကစားလုပ်သူများနှင့် အတွဲများစည်ကားလျက်။အများစုကတော့ ကိုယ်တို့ဆိုင်မှ မက်ဂျူ(ဘီယာ)လာဝယ်ကြသည်။

Moment Of Eighteen(JJK)✔️Where stories live. Discover now