Ep-14

849 132 16
                                    

Zawgyi

ဘတ်စ်ကားပေါ်မှာလည်း သူရယ်Jungkookရယ် တူတူထိုင်ကြသည်၊သို့သော် ဘာစကားမှမပြောဖြစ်။အနေရခက်နေသူမှာ သူပဲဖြစ်လိမ့်မည်။Jeon Jungkookကတော့ နားကြပ်တပ်ပြီး သီချင်းကိုလိုက်ညည်းကာ အေးဆေးပင်။

သူလည်း ပြတင်းပေါက်မှတိုးလာသော လေကြောင့် အနည်းငယ် ငိုက်မြည်းစပြုလာသည်။ညကလည်း စာအပြန်အလှန်ပို့ရတာကြောင့် အိပ်ရေးတစ်ဝက်ပျက်သွားသည်ဟုပဲ ပြောရလေမလား။

ဖြည်းဖြည်းချင်း ယိုင်နေသော ဦးခေါင်းကြောင့် မူးဝေလာပေမဲ့လည်း အိပ်ချင်စိတ်က အနိုင်ယူသွားသည့်အခါမှာတော့ သူပင်မသိလိုက်ပါဘဲ အိပ်ပျော်သွားတော့သည်။

မျက်လုံးပြန်ပွင့်လာတော့ သူ့ခေါင်းက Jungkookပုခုံးပေါ်မှာ မှီလျက်လေး။သူလန့်သွားပြီး ဇတ်ခနဲထလိုက်တော့ Jungkookက လှမ်းကြည့်သည်။

"ဘာဖြစ်တာလဲ မှီလေ"

"ဟမ် ငါကရတယ် ဘာမှမဖြစ်..."

"မှီဆိုမှီလိုက် အရူးမလေး"

အရူးမတောင်မဟုတ်တော့ဘဲ အရူးမလေးဖြစ်သွားတာကြောင့် သူ့ရင်တွေတဒုန်းဒုန်းခုန်လာတော့သည်။Jungkookက သူ့ခေါင်းကိုအသာအယာမကာ ပုခုံးပေါ်ပြန်တင်ပေးလိုက်တာကြောင့် သူပြုံးမိလိုက်သည်။

အရင်ဘဝက ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့များ အခုလို ကံထနေတာလားမသိဟုတွေးမိသည်အထိ သူပျော်နေသည်။ကျောင်းရဲ့ နာမည်ကြီးပုခုံးပေါ်မှာ မှီအိပ်ရတာ နည်းတဲ့ကံမှမဟုတ်တာ၊ပြီးတော့ ထိုလူကလည်း သူကြိုက်နေသည့်လူ။

"ကျေးဇူးပဲ Jeon"

"အဝေးကြီးလိုသေးတယ် အိပ်သာအိပ်"

"အင်း"

ဘတ်စ်ကားပေါ်ကလူတွေကတော့ သူတို့နှစ်ဦးကို သဘောကျဟန်ဖြင့် စိုက်ကြည့်နေကြတာကိုတော့ သူပြန်မအိပ်ခင် မြင်လိုက်ပါသေးသည်။

~

ကျောင်းရောက်တော့ မသိသလိုဟန်ဆောင်ပြီး သူ့ရှေ့မှ ခပ်သုတ်သုတ်ထွက်သွားသည်လေ။အဝေးကြီးရောက်မှ သူ့ကိုလှည့်ကြည့်ပြီး လှမ်းအော်ပြောသည်မှာ

Moment Of Eighteen(JJK)✔️Where stories live. Discover now