Zawgyi
နားထဲ ကြားနေရသည့် သီချင်းသံ...
နံဘေးက Jeon Jungkook...
ရင်ထဲထိန်းမရအောင် ဆို့နေသည့်အပျော်များ...အခုအချိန် သေဆိုရင်တောင် သေလို့ရနေပါပြီလေ။ကိုယ်မသိချင်ယောင်ဆောင်ပြီး သီချင်းထဲစီးမြောခံစားနေတုန်းမှာပဲ ရုတ်တရက်ဆောင့်ဆွဲခံလိုက်ရတဲ့ နားကြပ်တစ်ဖက်ကြောင့် နားထဲအောင့်ခနဲ။
"အ..."
Jeonက ကိုယ့်ကိုတစ်ချက်ကြည့်ပြီး ရှက်ပြုံးပြုံးပြသည်။
"အာ ဆောရီးနော်၊နင် ဒီသီချင်းမကြိုက်ဘူးထင်လို့"
ဘယ်လိုတောင် မေးရက်ပါလိမ့်၊ကိုယ့်မျက်နှာထားက အပျော်လွန်သည့်ပုံပေါက်မနေဘူးထင်ပါ့။အင်တင်တင်ဖြစ်သွားသော စိတ်ကိုမနည်းမြိုချကာ ပြောရသည်။
"မဟုတ်တာ ကြိုက်ပါတယ်"
ကျွီ...
ဘတ်စ်ကားသံကြောင့် ထိုင်နေရာမှဝုန်းခနဲထလိုက်ပြီး ကားရပ်ထားရာသို့မြန်မြန်လျှောက်သွားလိုက်သည်။
အနောက်မှာ ကျန်ခဲ့သောJungkookကို တာ့တာလှမ်းပြလိုက်သင့်လား...သေချာတာကတော့ ကိုယ်အဲ့လောက်မဝံ့ရဲသေးပါလေ။ကားပေါ်တက်ထိုင်လိုက်ပြီး မှတ်တိုင်ကိုလှမ်းကြည့်တော့ Jungkookကမရှိတော့။
နင်တကယ်ပဲ လူကိုရင်တုန်အောင် သိပ်လုပ်တယ် Jeon။
~
ရပ်ကွက်ထဲပြန်ရောက်တော့ လမ်းထိပ်မုန့်ဆိုင်မှအဒေါ်ကြီးက ရေခဲမုန့်ကျွေးလိုက်သည်နှင့် အားရပါးရစားကာ အိမ်ကိုလမ်းလျှောက်ပြန်နေတုန်း ပုခုံးကိုဖတ်ခနဲလာပုတ်ပြန်သည့် အထိအတွေ့ကြောင့် ကိုယ်တုန်တက်သွားရသည်။
"အေး Jung Hoseok နင်လုပ်နေလိုက်၊ပြောစရာရှိရင် ပါးစပ်နဲ့မပြောဘူး လက်ကအရင်လာတယ်"
စပ်ဖြဲဖြဲရုပ်နှင့် ပြန်ရယ်ပြတော့ Hoseokလက်မောင်းကို တစ်ချက်ချလိုက်မိသည်။
"ရေခဲမုန့် ဘယ်ကရ"
"ကျွေးလိုက်တာ ဆိုင်က"
"စာရပြီလား အဒေါ်ကမေးမယ်တဲ့နော်"
မနေ့ညက အသည်းအသန်စာလုပ်ထားတာကြောင့် အခုအချိန်မှာ ယုံကြည်ချက်တွေလွန်ကဲနေရခြင်းပင်။ခေါင်းကို တဆတ်ဆတ်ငြိမ့်လိုက်ပြီး ရေခဲမုန့်ကိုပဲပြန်စားနေလိုက်တော့သည်။
YOU ARE READING
Moment Of Eighteen(JJK)✔️
Romanceအသက်ဆယ့်ရှစ်နှစ်အရွယ်မှာ ကိုယ့်ရဲ့ရင်ခုန်မှုကို စတင်တွေ့ရှိခဲ့သောအခါ~~~ အသက်ဆယ့်ရှစ်နှစ်အရွယ်မှာ ကိုယ့်ရဲ့ရင်ခုန်မှုကို စတင်တွေ့ရှိခဲ့သောအခါ~~~ Start date-11.9.2020 End date-24.2.2022