Ep-10

1K 168 25
                                    

Zawgyi

ကန်တင်းထဲမနည်းရောက်အောင် လာခဲ့ရပြီးနောက်မှာတော့ Liaဘေးခုံမှာခြေပစ်လက်ပစ်ဝင်ထိုင်မိလိုက်သည်။

"အမလေးလေး ရင်တွေတုန်လိုက်တာ Jung Liaရယ် ငါ့ရေတစ်ခွက်ပေးပါဦး"

Liaက ရေတစ်ခွက်ငှဲ့ပေးပြီး ကိုယ့်ကိုကမ်းပေးလာသည်။ကိုယ်လည်း ဂလုဂလုနှင့်ပင် ခပ်မြန်မြန်သောက်ချလိုက်တော့သည်။

"ဘာတွေဖြစ်လာတာတုန်းဟဲ့ ထိတ်ထိတ်ပြာပြာရှိလိုက်တာKim Hyejinရယ်"

ကိုယ် ဘယ်သူ့ကိုမှရှင်းပြမည်မဟုတ်။တည်တံ့မှုရှိမရှိမသေချာသော ကိုယ်နဲ့Jungkookကြားက ဆက်နွယ်မှုမှာ မကြာခင်ပြတ်တောက်သွားမလားမသိနိုင်တာကြောင့်မို့။

"ငါအမြန်ပြေးလာရလို့ပါ မောနေတာ"

"အင်းအင်း ဖြည်းဖြည်းသောက် နင်နေမယ်"

ကိုယ်ကန်တင်းတစ်ဝိုက်ကို ဝေ့ကြည့်လိုက်တော့ Jungkookက တစ်လှမ်းချင်းလျှောက်ကာ ဝင်လာသည်ကိုတွေ့လိုက်ရသည်။အဝေးကမြင်နေရတာတောင် တော်တော်ချောသည်၊မျက်လုံးဝိုင်းဝိုင်းလေးများကြောင့် ကိုယ်ဒီလိုရူးနေရခြင်းပဲဖြစ်မည်ဟုလည်း တွေးမိပြန်သေးသည်။

Jungkookနဲ့သာ ပိုရင်းနှီးခဲ့ရင်ဆိုတဲ့ ရူးကြောင်ကြောင်အတွေးက ခေါင်းထဲဖြတ်ခနဲဝင်လာတာမို့ ရုတ်တရက်ပြုံးမိလိုက်သေးသည်။

"ဟဲ့ ဘာတွေတွေးပြီးပြုံးနေတာတုန်း"

"ဟမ် မဟုတ်ပါဘူး ထမင်းစားရအောင်"

ထိုနေ့က ကိုယ့်ခေါင်းထဲဝင်လာတဲ့ရူးကြောင်ကြောင်အတွေးက လက်တွေ့မှာတကယ်ဖြစ်လာခဲ့မည်ဟု ကိုယ်တိုင်လည်းမထင်ထားခဲ့ပါချေ။

///////////////

နောက်နှစ်ရက်အကြာ...

"ကဲ တစ်နေ့ကဖြေထားတဲ့Physicsအမှတ်တွေပြောမယ် သေချာနားထောင်ကြ"

ကိုယ်ခုံအောက်ထဲလက်ထည့်ပြီး လက်နှစ်ဖက်လုံးယှက်လိုက်ပြီး ဆုတောင်းနေမိသည်။အမှတ်မကောင်းရင် Hobiအဒေါ် ကိုယ့်ကိုကြိတ်တော့မည်လေ။

အခန်းထဲ ပျံ့လွင့်လာသော ဆရာမ၏အသံ

"Kim Hyejin ငါးဆယ်မှာ ငါးဆယ်"

Moment Of Eighteen(JJK)✔️Where stories live. Discover now