Ep-8

1K 163 6
                                    

Zawgyi

နောက်ပိုင်းပိုဆိုးလာသည်မှာကား Jeon Jungkookနှင့် Liaမှာ ရင်းနှီးသွားခြင်းပင်။မပြော၍သာမပြောတာ၊Liaက ပေါင်းသင်းဆက်ဆံရေးကောင်းသလို ယောက်ျားလေးတွေနှင့်ပိုအဆင်ပြေသည်။ကိုယ်ကတော့ ဘယ်သူနှင့်မှ ပေါင်းသင်းဆက်ဆံ၍ အဆင်မပြေသလို ယောက်ျားလေးဆိုလို့Hobiနှင့်သာ ခင်မင်သည်လေ။

"Hyejin နင်အဆင်ပြေရဲ့လား guideချိန်မှာလည်းမှိုင်တိုင်တိုင်နဲ့"

Hobiက ကိုယ့်ကိုလှမ်းပြောတာကြောင့် သက်ပြင်းတစ်ချက်သာရှိုက်ချမိတော့သည်။

"ပြေပါတယ် နည်းနည်းနေမကောင်းလို့"

"အင်းအင်း ဂရုစိုက်ဦး...ငါသွားတော့မယ်"

ဘယ်လိုမှဂရုစိုက်၍မရနိုင်သည့်ရောဂါမှာ တစ်ဖက်သတ်အချစ်ပင်ဖြစ်လိမ့်မည်။ကုစား၍လည်းမရ၊ဖြေဖျောက်၍လည်းမရနှင့်။သေချာတာတော့ ကိုယ်Jeon Jungkookဆိုသည့် ရောဂါစွဲကပ်နေပြီ။
________

ညနေစောင်းတော့ ရပ်ကွက်ထဲလမ်းပတ်လျှောက်ရင်းနှင့် စတိုးဆိုင်ထဲမှထွက်လာသောလူတစ်ယောက်ကို ဘာရယ်မဟုတ်ဘဲ မျက်စိကမြင်သွားသည်။

"ဟင် Jeon Jungkook..."

စိတ်စွဲပြီးအမြင်မှားတာဟု ထင်မိသော်လည်း လုံးဝမဟုတ်၊တကယ် Jeon Jungkookအစစ်ပင်ဖြစ်၏။

"ဘာလာလုပ်တာလဲမသိဘူး"

လက်ထဲမှာလည်း မုန့်ထုပ်တွေကိုင်ထားကာ ဖုန်းရပ်ပြောနေသည်။ကိုယ်ကတော့ သူ့ကိုစိုက်ကြည့်နေဆဲ။

ဒီလူသားသည် ကိုယ့်ကိုပြုစားနိုင်သည့်အဆိပ်တစ်ခွက်လို။သို့သော်လည်း အဆိပ်မိခံပြီးပျော်ပျော်ကြီးကပ်တွယ်နေဦးမည်ဖြစ်သည်။

ထိုစဉ် ဖုန်းပြောနေရာမှ ကိုယ်မတ်တပ်ရပ်နေသောနေရာကို လှမ်းကြည့်လာတာကြောင့် ချော်လဲရောထိုင်လုပ်ပြီး ကြမ်းပြင်ပေါ်ထိုင်ချပစ်လိုက်သည်။ဆံပင်ကလည်း ဂုတ်ဝဲမို့လို့ မျက်နှာကိုကာမရတာကြောင့် ကိုယ့်ဟာကိုယ်သာ ကြိတ်၍ကျိန်ဆဲမိတော့သည်။

"အားရှီး မြင်သွားတာလား"

သုံးမိနစ်လောက်ငုတ်တုပ်ကြီးထိုင်နေသောကိုယ့်ကို လမ်းသွားလမ်းလာတွေကကြည့်သွားကြတာမို့ ရှက်ရှက်နဲ့ပဲ ထိုင်ရာကထကာ ပြေးလာခဲ့တော့သည်။

Moment Of Eighteen(JJK)✔️Where stories live. Discover now