Ep-23(Ending)

1.2K 106 3
                                    

Zawgyi

သူ့ခြေထောက်တွေက ပြေးနေပေမဲ့ ဦးတည်ရာမဲ့နေသည်။ဆေးရုံက ဘယ်ဘက်ခြမ်းမှာပေမဲ့ စိတ်တွေလွတ်ကာ ဆန့်ကျင်ဘက်အရပ်ကို ပြေးနေမိသည်။သူ ဂျွန်ဂျောင်ဂုကို အရင်ကလို ချစ်နေဆဲပင်။ဘယ်လောက်ပဲ မေ့ထားမေ့ထား ချစ်ရသူ ထိခိုက်တာကိုကြားတော့ ကမ္ဘာတစ်ခုလုံးပြိုကျသွားသလို ခံစားချက်နှင့် ရင်ထဲမှာ ဆို့နင့်နေသည်။

"ဟယ်ဂျင်း စိတ်ကိုငြိမ်ငြိမ်ထား၊ငါလိုက်ပို့မယ် ကားက ဒီမှာ"

ဟိုဆော့ရဲ့စကားသံနောက်မှာ တဆတ်ဆတ်ငြိမ့်နေမိတဲ့ သူ့ခေါင်းရယ်ပါ။ဂျောင်ဂုကို ထွေးပွေ့ထားချင်စိတ်ဖြင့် ကယောက်ကယက်ဖြစ်နေသည့် သူ၊တစ်ယောက်ထဲသာ ဆေးရုံသွားလျှင် လမ်းမှာတင် မတော်တဆဖြစ်သွားနိုင်သည်။

ဆေးရုံဝကို ရောက်တော့ လူနာအခန်းကိုမေးပြီး ကတိုက်ကရိုက် အရေးပေါ်လှေကားတွေကနေ ပြေးတက်သွားမိသည်။ဓာတ်လှေကားပွင့်တာကိုတောင် မစောင့်နိုင်တော့သည်အထိ သူအလျင်လိုနေမိသည်။

လူနာခန်းရှေ့ရောက်တော့ သူတံခါးကိုချက်ချင်းမဖွင့်သေးဘဲ အပေါက်ကနေ ချောင်းကြည့်လိုက်တော့ ငြိမ်သက်စွာလဲလျောင်းနေသည့် သူ့ရဲ့ချစ်ရသူ ဂျောင်ဂုကို မြင်လိုက်ရသည်။

ဂျောင်ဂုရယ်ဟုသာ စိတ်ထဲကနေရေရွတ်မိပြီး မျက်ရည်ချက်ချင်းဝဲတက်လာတော့သည်။သူ့ကိုထားခဲ့ခိုင်းတာ ဒီလိုတွေဖြစ်လာဖို့မှ မဟုတ်တာပဲ။

"ဂျွန်ဂျောင်ဂု"

တိုးဖျဖျအသံဖြင့် နာမည်ကိုခေါ်ရင်း တံခါးကိုတွန်းဖွင့်ကာ အခန်းထဲဝင်လာခဲ့သည်။

ဟယ်ဂျင်း တစ်ကိုယ်လုံး ဝမ်းသာဝမ်းနည်းစိတ်များဖြင့် လှိုက်ခတ်တုန်ရီနေမိသည်။

"ဂျွန်...ဘယ်လိုဖြစ်ရတာလဲ၊အဆင်ရော ပြေရဲ့လား"

ပြန်မဖြေမည့်လူကို သူ ကြင်ကြင်နာနာမေးနေမိသည်။ဂျောင်ဂုကတော့ ငြိမ်သက်စွာ အိပ်စက်လျက်။

"ဂျွန်...ငါနင့်ကိုထားသွားခိုင်းတာ ဒီလိုမြင်ကွင်းတွေ မြင်ရဖို့မဟုတ်ဘူးလေ၊ငါက နင့်ကိုကျန်းကျန်းမာမာပဲ နေစေချင်တာ ဒီလိုကြီးလှဲနေဖို့မဟုတ်ဘူး"

Moment Of Eighteen(JJK)✔️Where stories live. Discover now