Chapter 4

1.2K 87 6
                                    

"Phi Phi "

သခင်မကြီးနဲ့ စျေးဝယ်လိုက်သွားတုန်း စုထားတဲ့ငွေ အနည်းငယ်ထုတ်ကာ သခင်လေးဖို့ အဝတ်အစားသစ်တွေ ဝယ်ပေးနေတုန်း သခင်မကြီးကလည်း တခြား ပစ္စည်းတွေ ပါ ယူသူရှင်းပေးမယ် လို့ပါ ပြောလာတော့သည်။သခင်လေးအတွက် အရုပ်တစ်ချို့ နဲ့ ဖိနပ် ဦးထုတ် စသဖြင့်ဝယ်ရင်း မနိုင်မနင်း ကားပေါ်က ဆင်းတော့ လည်း သခင်မကြီးက နင့်သခင်လေးကို အရင်သွားပေးလိုက်ပါ ငါ တခြားသူတွေကို သယ်ခိုင်းလိုက်မယ် ပြောတာကြောင့် ကားပေါ်ကအမြန်ဆင်းတော့ အိမ်ပေါက်ဝမှာ ငုတ်တုတ်လေး ထိုင်နေသည့် သခင်လေးက ကျွန်မကို တွေ့တော့ ပြေးဖက်လေရဲ့ လက်ထဲက အထုတ်တစ်ချို့ကို ကူ ကိုင်ပေးဖို့လုပ်နေတာကြောင့် ငြင်းရသေး သည်။

"Phi Phi သားဗိုက်ဆာတယ် "

လက်ထဲက နာရီကိုကြည့်တော့ မနက် ၁၀ နာရီထိုးနေပြီ

"သခင်လေး Phi Phi ပြင်ပေးမယ် လိုက်ခဲ့နော်"

"ဟုတ်"

သခင်လေးဖို့မနက်စာပြင်ပေးပြီး အိမ်စေတစ်ချို့ကိုခေါ်လိုက်ပြီး Ji ပွဲကြမ်းမှ ဖြစ်တော့မည့် အခြေအနေမျိုး

"သခင်လေး Saint ကိုမနက်စာ ဘာလို့မကျွေးရသေးတာ လဲ ငါမှာခဲ့တယ် မဟုတ်ဘူးလား"

"အိမ်တော်ထိန်း အကြီးAai က မကျွေးဖို့ပြောလို့ပါ သခင်လေး Perth ကလည်း အငတ်နေဆိုပြီး ပြောတာကြောင့် ဘယ်သူမှ မလှုပ်ရဲတာပါ မမကြီး"

"တောက် ဟင်း သခင်လေး Saint ကိုနောက်တစ်ခါဒီလိုမျိုးလုပ်ရင် နင်တို့တွေ အလုပ်ပြုတ်မှာနော် မနက်စာ က ၁၀ နာရီမှ စားရတာ နင်တို့ စားပြီးပြီမလားနေဖူးတယ်မလား ဒီလို ဗိုက်ဆာတဲ့ဒဏ်ကို ခံစားဖူးတယ်မလား "

"ဟုတ်မမကြီး"

"လုပ်စရာရှိတာသွားလုပ်ကြ Pee ကြီးတော် Aai ဘယ်မှာလဲ "

"ဟုတ်ကဲ့ မမကြီး အိမ်တော်ထိန်း အကြီးAai က သခင်လေး Perth ဂိုထောင်အပေါ်ခန်းရှင်းခိုင်းလို့ ရှင်းနေတာ ပြန်မလာသေးပါဘူး"

"ငါလိုက်သွားဦးမယ် သခင်လေးSaint စားနေတာ သွားပြီး စောင့်ပေး ငါပြီးကျပြန်လာမယ် နင်အပါအဝင် နင့် အဖွဲ့က လူလေးယောက်ပါ စောင့်နေ ဒီနေ့ကစပြီး သခင်လေး Saint ကို နင်တို့အဖွဲ့စောင့်ရှောက်ရမယ် သူခိုင်းတာအကုန်လုပ်ပေး ကြားလား"

Innocence (34+35)Complete Where stories live. Discover now