Chapter 22

932 56 0
                                    

မနက်ခင်းနိုးထလာတော့ အိမ်ကိုPhi Lam နှင့် Tati အပါအဝင် Copter ပါရောက်နေတော့ ရေမိုးချိုးပြင်ဆင်ကာ Mae နဲ့မနက်စာစားသောက်ပြီးထွက်လာခဲ့ကြသည်။ကလေးကအိပ်ရေးမဝသေးတော့ တစ်လမ်းလုံးကျွန်တော့်ရင်ခွင်ထဲမှာပဲ လေယာဥ်ကွင်းကိုရောက်လာတော့ ကလေးကို မနှိုးဘဲ ဒီအတိုင်းသာပွေ့ချီပြီး ကိုရီးယားသို့ ထွက်လာခဲ့ကြသည်။လုပ်ငန်းအတွက် ရှယ်ယာတွေပါ အပြောင်းအလဲလုပ်ပြီးကလေးအတွက်စီစဥ်ပေးချင်တာကြောင့် Copter ကိုခေါ်လာခဲ့တာ ပြီးတော့ သူကကိုရီးယားစကား ကောင်းကောင်းတတ်သည်ကြောင့်

"ကိုယ့်သည်းငယ်နိုးပြီလား "

"ဟုတ်ကိုကို သားဗိုက်ဆာတယ်"

ဗိုက်ဆာတယ်ဆိုတဲ့ အသံသေးသေးလေးကြောင့် ခေါင်းလေးကိုအသာလေးပုတ်ကာ အစားပုတ်လေးဆိုပြီး ချစ်လွန်းလို့ ပြောလိုက်သည်။Tati ကို Mae ထည်ပေးလိုက်တဲ့အစားအသောက်ပြင်ခိုင်းလိုက်ပြီး ကလေးအတွက်ရေခဲမုန့်ပါ ယူလာဖို့ အကြောင်းကြားထားသည်။ရောက်လာတော့ ကျွန်တော်ကိုယ်တိုင် ခွံ့ကျွေးပြီး ရင်ခွင်ထဲမှာ ပိုက်ထားဆဲ ကျွန်တော့်ကိုပြန်ခွံ့ကျွေးတော့ နှစ်ယောက်အတူ နေ့လည်စာစားလိုက်ကြသည်။Soul ကိုရောက်တော့ ချက်ချင်း အိမ်တော်ကို မပြန်ဘဘဲ Hotel တစ်ခုကိုဝင်ကာကလေးကို ရေချိုးပေးကာ အဝတ်အစားတွေနဲ့နွေးထွေးအောင်းထားရသည်။

"အိမ်တော် လိပ်စာ ကိုကို့ ကိုပြောဦး သည်းငယ်"

ကလေးဆီက လိပ်စာကို Driver Lam ကိုပေးလိုက်ပြီး ကိုယ့်နိုင်ငံမဟုတ်တော့ GPS နဲ့သာသွားရသည်။ကလေးအိမ်တော်ကိုရောက်တော့ ကလေးကစိုးရိမ်နေတဲ့ပုံစံလေးမို့  ရင်ခွင်ထဲထည့်ပိုက်ကာ လမ်းလျှောက် ရသည်။ဘာပဲဖြစ်ဖြစ် ကိုယ် ရှိနေရင် ဒီကလေး လုံခြုံစေဖို့ပဲ တွေးနေမိတာ

' ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲ '

အိမ်တော်ထိန်းလို့ထင်ရတဲ့ အမျိုးသမီးကမေးတော့ ကျွန်တော် သူတို့စကား နားမလည်တာကြောင့် Copter ကိုလှမ်းကြည့်လိုက်သည်။ချက်ချင်းပဲ Mrs Park Ji နဲ့တွေ့ချင်ကြောင်းသူကပြန်ပြောလိုက်သည်ကို ကလေးက ရင်ခွင်ထဲကနေ တိုးတိုးချင်းဘာသာပြန်ပြနေတော့သည်။

Innocence (34+35)Complete Where stories live. Discover now