Chapter 15

1.1K 72 0
                                    

"ကိုကို့ ရဲ့ငယ့် "

ကားကိုအရှိန်နဲ့မောင်းနေတုန်း ကားတစ်စီးကအရှိန်နဲ့တိုးဝင်လာတာကြောင့် ဘရိတ်ကို စောင့်အုပ်သလိုဖြစ်သွားတော့ ဘေးနားက ကလေးငယ်က ပါးစပ်ကယောင်ပြီးထွက်သွားတဲ့စကားလုံးက "ကိုကို့ ရဲ့ငယ့်" တဲ့လား ပြီးကျမှ သူ့ပါးစပ်လေးကို အုပ်ကာ ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး ခေါင်းလေးပြန်ငုံ့သွားတဲ့ကလေး ညနေ ၅ နာရီဝန်းကျင် ရုံးဆင်းချိန်မို့ ကားတွေ ရှုပ်နေပြီ ဖြစ်တာကြောင့် နဂို အရှိန်ထက် လျှော့ပြီး သာ Driver ကိုပြောကာ ကားကိုဆက်မောင်းသွား‌စေလိုက်သည်။

"ရေခဲမုန့်မစားရတော့ဘူး ဆိုင်ကိုကြည့်မနေနဲ့ "

လမ်းကွေ့ နားက မီးပွိုင့်မရောက်ခင် ဝယ်ကျွေးနေကျ ရေခဲမုန့်ဆိုင်လေးကို ငေးနေတာကြောင့် ပြောလိုက်မိပြန်သည်။ဒီကလေးကို ဂရုမစိုက်ပဲနေချင်ပါတယ်ဆို ဘာကြောင့်များ အသေးစိတ်ကအစ စိတ်ထဲမှာ ရော နှုတ်ခမ်းဝမှာရော ဆွဲကျန်နေရပါလိမ့်

"ဟုတ်"

"မနက်ကလည်းစားသေးတယ်လေ ချွဲကြပ်လိမ့်မယ် "

ကြည့်မနေပေမဲ့ ဒီကလေးရဲ့ မျက်နှာ အမူအရာလေးဘာဖြစ်နေသလဲဆိုတာ ကျွန်တော်ခန့်မှန့်နိုင်မယ်ထင်တယ် ထိုကလေး မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကျွန်တော့်ကို ကြည့်နေမှာ အသေအချာပဲ

ပြီးရင် ခေါင်းလေးပြန်ငုံ့နေလိမ့်မယ် အနားမှာတောင်သိပ်မနေရသေးဘူး ဒီကလေးရဲ့အသက်ရှူသံကအစ အရေးပါနေတာမျိုး

"ကိုရီးယားထမင်းကြော် ဒီည ထက်ကြော်ပေးလို့ရမလား"

,"ဗျာ ဟုတ် ဟုတ်  ရပေမဲ့လေ ကင်ချီနှပ်ထားတာတွေက ကုန်သွားပြီ ကိုကို အဆင်ပြေရင် mall ထဲမှာဝင်ဝယ်ကြမယ်လေ "

"Omm"

ချင်ချင်းကြီး အဖြေပြန်ပေးတဲ့ ကိုကို့ကြောင့် ပြီးတော့ သူ့ကိုကြော်ကျွေးဖို့တောင်းဆိုလာတာကြောင့် စိတ်ထဲမှာ ကလိကလိနှင့် Mall ထဲကိုရောက်သည်နှင့် သူ့မှာ အထူးအဆန်းတွေကြည့်ပြီး ခဏနေမှ Perth လက်ကို ကိုင်ဖို့ သတိရသွားတယ်နဲ့ထင်ပ

"ကိုကို Kimchi လာဝယ်တယ်ဆိုပေမဲ့ လေ ဟို သား လေ ဟို "

"လိုချင်တာ ခြင်းထဲယူထည့်လိုက်"

Innocence (34+35)Complete Onde histórias criam vida. Descubra agora