Chapter 24

932 50 0
                                    

ကိစ္စတွေ အပျက်ဖြတ်ရန် တစ်ခုတည်းသော အစီအစဥ်သာကျန်တော့သည်။Saungi နဲ့ Jiwon ကို အိမ်တော်ကနေ မောင်းချဖို့ပင် သူတို့နှစ်ယောက်မရှိတော့ရင် Kim Jong နဲ့ တရားဝင်ကွာရှင်းလိုက်ရင် Kim Jong လိမ်ဖို့ အထိ အင်အားတွေ မရှိတော့ရင် Mrs Park Ji ကို ခြိမ်ခြောက်ဖို့ နောက်ခံမရှိတော့ရင် အရာအားလုံးအေးချမ်းသွားမည်။သက်သေတွေနဲ့ သူတို့သားအဖသုံးယောက်လုံးကို တရားစွဲပြီး ထောင်ထဲထည့်ရမည်။ဒါက ကျွန်တော့်ရဲ့ ရည်ရွယ်ချက် ဘာလိုလဲဆိုရင် ဒါမှ ကလေးက သူ့အမေကိုစိတ်ချပြီး ကျွန်တော်နဲ့ ပျော်နေနိုင်မှာလေ

"ကိုယ့်အချစ်ရေ"

"....."

"ကိုယ် အပြင်သွားရဦးမှာလေ အာဘွားလေ ပေးပြီး အားမဖြည့်ပေးချင်ဘူးလားပြောပါဦး"

မနက်စာ ပြင်နေသည်ကို စားပွဲဝိုင်မှာ ထိုင်ကာ ကလေးမုန့်ဖို့တောင်းသလို အသံနှင့်ပြောနေသည့်ကိုကို ကျွန်တော်ကတော့ ပေါင်မုန့်ကင်စက်က ပေါက်မုန့်ထွက်အလာကိုစောင့်နေပြီး အဆင်သင့်ဖြစ်နေတဲ့ အသားနဲ့ အသီးအရွက်ညှပ်တင်ဖို့ အဆင်သင့်ဖြစ်နေပြီ။တုံ့ပြန်မှု မရှိတဲ့ ကျွန်တော့်ကြောင့် ကိုကို့ ဆီက "အာဘွားလေးပေးပါ" ဆိုသည့် စကားသံကို ထပ်တလဲလဲ ကြားနေရသည်။ဒါဘယ်လိုတောင် ကလေးဆန််မှု လဲ

"အားဘွားလေးပေးပါ အာဘွားလေးပေးပါ အာဘွားလေးပေးပါ "

ပေါင်မုန့်ကင်ပြီး သားပေါ်ကို အသားနဲ့ အရွက်တစ်ချို့တင်ပြီး ချိစ်နှင့်ဆော့စ် လောင်းချပြီး နောက်တစ်ချပ်နှင့်အုပ်ကာ ပန်းကန်ထဲကို သေသေသပ်သပ် ထည့်လိုက်သည်။လေးခုလောက် လုပ်ပြီးသည်နှင့် စပါကတီအတွက် ဆော့အနှစ် အချိုးကျထည့်ကာ ပန်းကန်ထဲသို့အကျအန ထည့်လိုက်သည်။ခါးက အေပရွန်ကို ဖြုတ်ပြီး ချိတ်မှာ ချိတ်ထားလိုက်သည်။နောက် စားပွဲပေါ်သို့ စပါကတီ နှစ်ပန်းကန်တင် ဆန်းတဝှစ်  ပန်းကန်ချပြီး နှပ်ထားတဲ့ ကော်ဖီကို အဖုံးဖွင့်ကာ ကိုကို့ အရှေ့သို့ချပေးလိုက်သည်။ကျွန်တော်လည်း နှပ်ကော်ဖီလေးတစ်ခွက်ဖြင့်

"မစားဘူး အာဘွားအရင်ပေး အာဘွားအရင်ပေး"

ကိုကို့ ရဲ့ကလေးဆန်မှုကို မျက်လုံးလန်ကြည့်လိုက်ပြီး ကော်ဖီ တစ်ငုံသောက်လိုက်သည်။နောက် တူကိုကိုင်ကာ စပါကတီစားဖို့ပြင်လိုက်သည်။ကိုကိုကတော့ အော်မြဲတိုင်းအော်နေဆဲ ။အကြောင်းအရင်းက ကျွန်တော် ကိုကို့ ကို အပြစ်ပေးထားခြင်းပဲ ကိုကို သွားရင် တစ်ရက်စကားမပြောဘူး မထိတွေ့ရဘူးဆိုပြီး ပြောထားပြီးသား မနေ့ကညက Kim Saungi နဲ့ ကိုကို သွားတွေ့တယ် အဲ့အတွက်ကြောင့် ဖြစ်သည်။

Innocence (34+35)Complete Where stories live. Discover now