Chapter 13

1K 85 4
                                    

Saint က အသားတုံးတွေ ဖဲ့နေပေမဲ့ ဖဲ့လို့မရတာကြောင့် မျက်နှာလေးကအနည်း ငယ် ဆူပုတ်နေချင်သည်။ကြိုးကြိုး စားစားဖဲ့နေပေမဲ့
နောက်ဆုံး အသားတုံးလေးကို ဘေးဖယ်လိုက်ပြီး ကိုက်လန်ကြော်အနည်းငယ်ပန်းကန်ထဲသို့ ထည့်ကာ ထမင်းတစ်လုပ် ပါးစပ်ထဲသို့သွင်းလိုက်သည်ယမြုပ်စိမြုပ်စိဝါးနေသည့် ပါးမို့မို့လေး လေးတွေ ကိုငေးကြည့်နေသည်က Perth

အသားတုံးကို ခက်ရင်းဖြင့်ထိုးကာ သူ့ပန်းကန်ထဲထည့်လိုက်ပြီး လက်အိတ်စွပ်ခါ နွှာပေးပြီး Saint ပန်းကန်ထဲသို့ ထည့်ပေးလိုက်တော့ မျက်လုံးဝိုင်းဝိုင်းလေးတွေ နဲ့ ကြည့်တော့ ချောင်းအသာဟန့်ပြီး မျက်နာလွှဲလိုက်မိသည်။ကိုက်လန်ကြော်ချည့်ပဲစားနေသည်ကြောင့် အသားနွှင်ပေးလိုက်သည်ပဲ စိတ်ထဲမှာတွေးလိုက်သည်။

"ဘာကြည့်နေတာလဲ စားလေ မြန်မြန်"

"ကိုကို လည်းစားလေ "

Saint ကိုကြည့်နေတာ သူထမင်းတစ်လုပ်တောင် မစားရသေးသည်မို့ ရှက်ရှက်နဲ့ ခေါင်းကြီးငုံ့ကာ စားနေမိပြန်သည်။Perth သည်လည်း အသက် ၂၀ လူငယ်လေးတစ်ယောက်ပါပဲ ‌ကျော်ဖြတ်လာရတဲ့ မိသားစုကြောင့် သူဆိုးသွမ်းခဲ့မယ် နောက်ဆုံးရင့်ကြပ်တဲ့ အသွင်ဖြစ်လာခဲ့သည်။ဒီကလေးငယ်နဲ့ ယှဉ်ရင် သူကလူကြီးလူကောင်းပီသချင်တယ် နောက်ပြီး အနိုင်ကျင့်နေတဲ့ ကလေးဗိုလ်ဖြစ်နေသလိုလည်း ထင်နေမိသည်။

စားပြီးတော့ အိမ်တော်ကို ပြန်လာခဲ့ပြီး အခန်းသစ်ကြီးထဲမှာ အိမ်ရန်အဖို့ Saint တစ်ယောက် ရင်ခုန်သလိုလို

ကိုယ်လက်သန့်စင်ကာ ညဝတ်အင်္ကျီ လဲအပြီး ခုတင်ပေါ်ကို တတ်ကာ ချက်ချင်းစောင်တွေနဲ့ လုံးထွေးပြီး  Saint တစ်ယောက်အိပ်ပျော်သွားလေရဲ့ Perth အဝတ်အစားလဲ ပြီးထွက်လာတော့ အိပ်မောကျကာ နှုတ်ခမ်းလေး ဟ နေတဲ့ ပုံလေးကြောင့် Saint ကိုတစ်ယောက် တကယ်ပင် အသည်းယားနေမိသည်။ထိုကလေးအား ရင်ခွင်ထဲထည့်ကာ အိပ်ပျော်သွားတော့သည်ယအရင်လို အိက်မက်ဆိုးတွေလည်း မမက်တော့ဘူး

မနက်ကျောင်းမသွားခင် Tati ဆီကဖုန်းဝင်လာသံကြောင့် ကလေးငယ်အား မနှိုးတော့ဘဲ အပြင်ကို သာရေးကြီးသုတ်ပြာထွက်လာရတော့သည်။မနက်ခင်း လူရှင်းနေသည်ကြောင့် Tati ကိုမျက်ခုံးပင့်ကာ မေးတော့

Innocence (34+35)Complete Onde histórias criam vida. Descubra agora