Chapter 16

1.1K 83 2
                                    

မနက်အစောကြီးနိုးတော့ လုပ်နေကျအတိုင်း
ကိုကို့ရဲ့ ကျုံ့ထားတဲ့မျက်ခုံးနှစ်ဖက်ကို ဖြန်ပေးသည်။ပြီးတော့နှုတ်ခေါင်းလုံးလုံးလေးကိုညစ်လိုက်ပြီး ရေချိုးဖို့ပြင်ရသည်။သွားတိုက်နေရင်း သီချင်းလေးတစ်ပုဒ်တော့ အော်ညီးမိပြန်သည်။Exo ရဲ့ Wolf ဆိုတဲ့ သီချင်း Kai fan boy လေးမို့ ကျွန်တော်က အရမ်းချောနေသည်လားမသိ သွားတိုက်နေရင်းတောင် ကနေမိသေးသည်။

ရေမိုးချိုးပြင်ဆင်ပြီးတော့ ကိုကို့အတွက်ရေဖြည့်ပေး သွားတိုက်ဆေးလေးညှစ်ကာ အဆင်သင့်ပြင်ရင်း နဲ့ Tower လေးခေါက်ပေးလိုက်သည်။ရေချိုးခန်းရှေ့ကို ဖိနပ်လေး အဆင်သင့်ချပေးပြီး အဝတ်အစားလဲ လိုက်သည်။ကိုကို ကျောင်းဖွင့်ရက်မို့ ကျောင်းဝတ်စုံနဲ့အတူ ရုံးသွားဖို့ ကုတ်လေးတစ်ထည်ပြင်ပေးလိုက်သည်။ကုတ်အနက်ရောင်ကြီးပဲ အမြဲဝတ်နေသည်မို့ ကာကီဖျော့ရောင်လေး ပြင်ပေးလိုက်သည်။ဘောင်းဘီက အနက်ပဲဝတ်ရတော့ ရုံရောက်ရင် ကြည့်ကောင်းနေအောင် ခါးပတ်ကာကီဖျော့လေးထုတ်ကာ ဖိနပ်ကိုလည်း ထိုအရောင်လေးသေချာရွေးပေးလိုက်သည်။ခါးပတ်အရောင်နဲ့ ဖိနပ်က တစ်ရောင်တည်းဖြစ်နေမှ စမတ်ကျသည်မဟုတ်လား

"Oppa O......ကိုကို ကိုကို ရေ ထတော့ "

"...''

"ညကလည်းအစောကြီးအိပ်ပြီးတော့ ဟေး အိပ်ပုတ်ကြီးရေ ငယ့်ကိုကို ရေ ဟီးဟီး မနိုးဘူး "

"အင်း......."

ကိုကိုက လှုပ်လာပြီး အင်းဆိုတဲ့ အသံနဲ့ ထလာပြီး ဇာတ်ပို့ကို ချိုးပြီး အညောင်းဖြေလိုက်တော့ ကျွန်တော့်မှာ ရေခဲခဲသလိုအတောင့်လိုက်ကြီးဖြစ်သွားရသည်။*Kim Min Ho ပေါက်ကရတွေ လုပ်ပြန်ပြီ မင်း*

"ဝါး........ကျစ် လက်ကိုက်လိုက်တာ "

လက်မောင်းကို ခါလိုက်ပြီး လက်ကိုက်လိုက်တာ ဆိုတဲ့ အသံကြားတော့လည်း ကိုကို့ ကိုစိတ်ပူရပြန်သည်။တစ်ညလုံးဖိအိပ်လိုက်လို့ ကိုကို နာနေပြီအထင်

"ကိုကို သားနှိပ်ပေးရမလားဟင် "

"ရတယ် ရေချိုးလိုက်ရင် သက်သာသွားလိမ့်မယ် "

ရေချိုးခန်းထဲကိုဝင်သွားပေမဲ့ စိတ်ပူတာ မပျောက်သေး နောက်နေ့ကိုကို့ ကိုဂရုစိုက်မှပါလေ ကိုကို ရေချိုးပြီးပြန်ထွက်လာတော့ ကြယ်စိ ကူတပ်ပေးပြီး ကိုကို ခိုင်းလို့ရအောင် အနားမှာ နေပေးနေမိသည်။

Innocence (34+35)Complete Où les histoires vivent. Découvrez maintenant