Chapter 17🔞

1.7K 83 14
                                    

(A/N ကိုရီယားစကားကိုလေ (') လေးနဲ့ ရေးမယ်နော် ထိုင်းလိုကို (") ဒါလေးနဲ့ အဲ့လိုဖြည့်တွေးပေးနော် မွ😘🙈)

ချွေးစေးတွေ ထွက်ပြီး လူးလှိမ့်နေတဲ့ကလေးကို ချုပ်ကာ ဖက်ထားလိုက်သည်။ပါးစပ်တဖွဖွ ရေရွတ်နေသည်က ကိုရီယားစကားတွေမို့ ကျွန်တော်လုံးဝနားမလည်

' Min Ho မသေချင်ဘူး Jiwon တောင်းပန်ပါတယ် Min Ho ကို လာမဖမ်းကြပါနဲ့ ကယ်ကြပါဦး သားကို ကယ်ကြပါဦး သားကြောက်တယ် '

"ကလေး ကလေး ကိုကို ရှိတယ် "

"ဟင်း!!!!! ဟင်း!!!! "

နိုးသွားတော့ ရေခွက်ထဲရေဖြည့်ပေးပြီး ကလေးကို ထူကာ သောက်စေလိုက်သည်။ပြီးတော့ ကျွန်တော့်ခါးကို တင်းကြပ်နေအောင်ဖက်ထားခဲ့သည်။

"ကိုကို သားကိုကယ်ပါနော် ဟင့် သားကြောက်လို့ပါ "

"ကိုယ် ကလေးအနားမှာ ရှိနေပြီ ကိုယ်ကလေးကိုကာကွယ်ပေးမယ် မကြောက်နဲ့နော် "

ရင်ခွင်ထဲမှာငြိမ်ကျသွားသည်မို့ ကျောပြင်လေးကို ခပ်ဖွဖွလေး ပွတ်ပေးပြီး ချော့နေပေးလိုက်သည်။ခဏကြာတော့ စကားသံသေးသေးလေး ထွက်လာပြန်သည်။

"ကိုကို သားကိုမုန်းနေသေးလားဟင်
မုန်းနေသေးတယ် ဆိုရင်တောင် သားကို လာဖမ်းတဲ့ သူတွေဆီမထည့်ပေးလိုက်ပါနဲ့နော် သား အွတ် "

*မုန်း‌ နေသေး တယ်လားတဲ့လား ကိုယ့်ကလေးရယ်*

နှုတ်ခမ်း နှုစ်လွှာလုံးကို စုပ်လိုက်ပြီး ခဏလေးတင်ပြန်လွှတ်ပေးလိုက်သည်။

"ကိုယ့်ကလေးက ကိုယ့်အပိုင် ကြားလား"

"...."

"မျက်လုံးဝိုင်းဝိုင်းလေးက ချစ်ဖို့ကောင်းအောင်ပဲလုပ်ပါ ငိုဖို့မဟုတ်ဘူး ကိုကို ပြောတာနားထောင်နော် အန္တရာယ်တွေကြုံလာရင် ကိုကို့ရင်ခွင်ထဲကို ပြေးပုန်း ဘယ်ကိုမှ ထွက်ပြေးစရာမလိုဘူး ကိုယ် စိတ်မချလို့ပါ ကိုယ့်ကလေးငယ် ရယ်"

Ring. ........

"Hello Perth, ဘယ်မှာလဲ "

"Mae တို့ရှာလို့မရမဲ့နေရာမှာ "

"အိုမား "

ကလေးရဲ့အသံလေးထွက်လာတော့ Maeဟာ ကျွန်တော့်ကိုပြောနေတဲ့လေသံတို့ဟာ ချက်ချင်းပျော့ပြောင်းသွားပြီး

Innocence (34+35)Complete Where stories live. Discover now