Chapter 11

1K 75 1
                                    


"Kim Min Ho အိုမား ပြောစကားကိုနားထောင်စမ်းပါ "

"အိုမား သား ပထွေးမလိုချင်ဘူး သူနဲ့ပါလာတဲ့ သားသမီးတွေကိုလည်းမောင်နှမမတော်ချင်ဘူး"

၁၆ သားလေးဟာ ဘယ်လိုပဲ ငြင်း ဆန်နေပါစေ သူ့အိုမား က အိမ်ထောင် တစ်ခုထပ်ပြုလိုက်လေရဲ့ တစ်နေ့ ထို လူကြီးရဲ့ သမီးတွေက အိမ်ပေါ်တတ်လာပြီး အိုမားရှေ့မှာဆို အမြဲ ချစ်သလိုခင်သလို ဟန်ဆောင်နေပြီး အိုမားမရှိတဲ့ အချိန်ဆို ကျွန်တော့်ကို ကြောက်စရာကောင်းတဲ့ အမူအရာတွေ အမြဲလုပ်ပြသည်။တစ်နေ့ ထိုပထွေးဆိုးကြီး၏ စနပ်ကြောင့် Park မျိုးရိုးက မိန်းကလေးနှင့် လက်ထပ်ဖို့အထိဖြစ်လာသည်ယ၁၆ နှစ်သားအရွယ်နဲ့ ကျွန်တော်လက်ခံဖို့ အရမ်းခက်ခဲ တယ် ကံကောင်းချင်တော့ ကျောင်းက ပျော်ပွဲစားထွက်ဖို့ ပြည်ပ ခရီးစဉ်နဲ့အတူ Amarica ကို သွားဖို့ဖြစ်လာခဲ့သည်။အိုမား ဆီက မုန့်ဖိုးအများအပြားရတဲ့အပြင် စုထားသည့် မုန့်ဖိုးတွေလည်း မနည်းရှိတာကြောင့် Air port Ticket ဝယ်ပြီး bkk မှာ အခြေချဖို့ဖြစ်လာသည်။အပါး က ထိုင်လူမျိုးလေ ။
ထိုင်းမှာ တစ်ပတ်လောက် condo နဲ့အသားကျ ရုံရှိသေး အပြင်သွားရင် လူတစ်စု က သူ့နောက် တကောက်ကောက်

"ဟေး ကိုရီယား ကောင်လေး "

Condo ရှေ့က ကွေ့သယို ရောင်းတဲ့ အဒေါ်ကြီးက သူ့ကို လက်ယက်ခေါ်တာ အနားကို သွားပြီး ခုံလေးယူထိုင်တော့ အဒေါ်ကြီး ဘေးဘီကြည့်ကာစာတစ်စောင်ပေးလာသည်။

"သားလေး ညနေကျ လာအားပေးဦးနော် "

မျက်နှာရိပ် မျက်နှာကဲ ပြကာ အပေါ်ပြန်ဖို့ သတိပေးနေတာကြောင့် ကျွန်တော်လည်း နှုတ်ဆက်ကာ အပေါ်သို့ တတ်လာခဲ့လိုက်သည်။အခန်းတံခါးကို သော့ပိတ်ပြီးမှ စာဖွင့်ဖတ်တော့

"မင်း အနောက်က တောက်လျှောက် လိုက်နေတဲ့ လူငါးယောက် တစ်စုရှိနေတယ် သတိထား သား သူတို့လက်ထဲ အရင်တစ်ခေါက်က ဓားတွေ့လိုက်တယ် သားကိုစိုးရိမ်တာပါ သားအကူအညီလို ရင်အဒေါ်ကို ဖုန်းဆက်လိုက် ဒီမှာဖုန်းနံပါတ် ××× သား အိမ်ထဲပဲနေဦး စားချင်တာရှိရင် ဖုန်းသာဆက် အဒေါ်ပို့ပေးမယ် လူစိမ်းတွေ သားအခန်းထဲ ဝင်မခံနဲ့နော် "

Innocence (34+35)Complete Where stories live. Discover now