Chapter 7

1K 82 4
                                    

"Angel တောင်းပန်ပါတယ်နော် "

"ထိုင်လိုက် "

"ဟုတ် Perth "

Perth က သူ့စကားကို နာခံတဲ့သူတွေ ဆိုရင်သဘောကျတယ် သူ့အိမ်က အစေခံတစ်ယောက်မဟုတ်ဘဲ အအေးဆိုင်မှာတွေ့တဲ့မိန်းကလေးတစ်ယောက် သူ့ရဲ့ စကားကိုနာခံနေခဲ့သည်လေ။ထိုမိန်းကလေးက Perth ရဲ့ပုခုံးကို ထိမိသွားလို့ သူဒေါသထွက်နေပေမဲ့

"ငါ့နာမည်ကို မင်းဘယ်လိုသိတာလဲ "

"ဟို အကိုက Perth နာမည်ကို ခေါ်လိုက်တာ ကြားမိလိုက်လို့ပါ Angel တောင်းပန်ပါတယ် နော် မကြိုက်ရင်မခေါ်တော့ပါဘူး"

"ငါဘယ်သူလဲ မင်းသိလား"

"အခုတတ်နေတဲ့ uni က ......"

"ထားလိုက်တော့ သွားလို့ရပြီ "

"ဟို Perth နဲ့ Angel ခင်ချင်လို့ "

ခေါင်းလေး ငုံ့ကာ သူတို့ လက်ကလေးနှစ်ချောင်းကို ကိုင်ကာ စိတ်လှုပ်ရှားနေသလိုပင်

"ဘာလို့ ငါနဲ့ ခင်ချင်တာလဲ "

"Perthကိုစိတ်ဝင်စားလို့လေ angel က "

"ငါနဲ့ တွဲချင်တာလား "

"..."

Perth ကချက်ချင်း Angel ရဲ့နှုတ်ခမ်းကိုယစုပ်ယူပြီး နမ်းလိုက်တာကြောင့် ဘေးနားက ဂိမ်းဆော့နေသည့် Mark တောင် ကြောင်အမ်းအမ်းဖြစ်သွားရသည်၊ Perth က တစ်ဇွတ်ထိုးဆန်ပေမဲ့ မိန်းမတွေနဲ့ ပတ်သက်ဖူးတာပထမဆုံးပဲ မို့

"အိုရ်.....Perth ရာ "

"ဒီနေ့ အပြင်သွားမယ် mark လိုက်မှာလား"

"ငါအတန်းတတ်ဦးမယ် သွားကြ"

Angel လက်ကို ဆွဲပြီး Perth တစ်ယောက် ကားပတ်မောင်းကာ ရုပ်ရှင်ရုံတစ်ရုံသို့ သွားလိုက်သည်။လက်မှတ်ဖြတ်နေတုန်း Angel က အချိုရည်တွေ မုန့်တွေဝယ်လာကာ သူတို့တွေ တစ်နေ့လုံးလည်လိုက်ပတ်လိုက်နှင့်သာ
အိမ်သို့ ပြန်ရောက်လာတော့ လည်း သူမကို ခေါ်လာပြီး Ji ကို အရွဲ့တိုက်ပြအတွက်ဖြစ်လာပြန်သည်။

"Angel စတော်ဘယ်ရီဖျော်ရည်သောက်ရည်ချင်တယ် "

"အင်း ရစေရမယ် Mo လာ Ji ကို စတော်ဘယ်ရီဖျော်ပြီး ငါ့အခန်းထဲလာပို့လို့ပြောလိုက် "

Innocence (34+35)Complete Where stories live. Discover now