Chapter 21

995 57 2
                                    

ညနေပိုင်း အိမ်ပြန်ရောက်တော့ ကလေးငယ်စားဖို့ ရေခဲမုန့် ကျွန်တော်ကိုယ်တိုင်ဝင်ဝယ် သည်။အိမ်ပြန်ရောက်တော့ ရေခဲမုန့်ဗူးတွေကိုP' Lam ကလက်လှမ်းတော့ခေါင်းခါပြီးငြင်းလိုက်သည်။ကလေးရဲ့ အရာရာတိုင်းကို ကျွန်တော်လက်ကျွန်တော့်ခြေနဲ့ပဲ လုပ်ပေးချင်တာမို့ နောက်ပိုင်းတွေဆို ထမင်းကအစ ချက်ကျွေးဖို့ ကျွန်တော် သင်နေသည်။

"ကလေး ရေ ကိုကို ရောက်ပြီ"

"သခင်လေး  အိမ်မှာ ကိုရီးယာကဧည့်သည်တွေရောက်နေတယ် ဟိုလေ"

"ဘာဖြစ်လို့လဲ "

"သား Saint သား Saint လေးက သူတို့ကိုတွေ့တော့ အိမ်နောက်ပေါက်ကနေထွက်ပြေးသွားတယ်"

"ဘာလို့ ကျွန်တော့်ကို ဖုန်းမဆက်တာလဲ Tta ကျစ် "

ကလေးကထပ်ပြီးထွက်ပြေးသွားပြီ ဒီလူကို အပြတ်ဖြုတ်ချဖို့ ကလေးမသိခင် ပျောက်ကွယ်သွားခိုင်းဖို့စီစဉ်နေတာ ဘာလို့ အိမ်ကိုရောက်လာရတာလဲ အခုလေးတင်သူနဲ့တွေ့ပြီး ပြန်လာတာ မဟုတ်လား

"Mr Min Jong ဘာကိစ္စနဲ့ ကျွန်တော့်အိမ်ကိုထပ်ရောက်လာတာလဲ"

"Khum Perth Sorry ပါ ကျွန်တော်က မင်းအိမ်မှန်းတောင်မသိပါဘူး ဒီအိမ်မှာ ကျွန်တော့်ရဲ့သားဒီမှာ ရှိတယ် သတင်းကြားလို့လိုက်လာတာပါ"

"ခင်ဗျားရဲ့သားနာမည်က "

"Kim Min Ho ပါ သူပျောက်နေတာ ငါးလလောက်ရှိနေပါပြီ အဲ့အတွက် ....."

"ဒီအိမ်မှာ Kim Min Ho ဆိုတာ မရှိပါဘူး Saint ဆိုတဲ့ ကျွန်တော် လက်ထပ်ထားတဲ့ အမျိုးသားပဲ ရှိပါတယ် အဲ့အတွက်ပြန်ပါတော့ "

တစ်အောင့်နေတော့ သူလူတွေက အရှေ့ကိုရောက်လာတော့ Driver lam ကလည်း ခုခံဖို့ အနေအထားအသင့်ဖြင့် Tati ကို ကလေးရှာဖို့ ခေါ်ထားတော့ သူတို့အဖွဲ့တွေကပါဝင်လာပြီး အိမ်ထဲမှာ Black suit တွေနဲ့ bodyguard တွေ ဟာ အယောက် ၂၀ လောက်ပြည့်နေတော့သည်။လူအင်အားက ကျွန်တော့်ဘက်က သာနေသလို ကျွန်တော့်အိမ်လည်းဖြစ်နေတာကြောင့် Mr Kim ပြန်လှည့်ထွက်သွားတော့သည်။ကျွန်တော့်နဲ့ လုပ်ငန်းချင်းပူးပေါင်းတာထက် သူက ကလေးကိုပိုပြီး အလိုရှိနေသလိုမျိုးပင်

Innocence (34+35)Complete Where stories live. Discover now